ရခိုင်နှင့် မူဆလင် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန် AA က မူဆလင်အပြစ်သား ၈ ဦးကိုလွှတ်ပေးပြီး မူဆလင် ၄ဝဝ ကျော်အတွက် အဝတ်အထည်များထောက်ပံ့

ရခိုင်နှင့် မူဆလင် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန် AA က မူဆလင်အပြစ်သား ၈ ဦးကိုလွှတ်ပေးပြီး မူဆလင် ၄ဝဝ ကျော်အတွက် အဝတ်အထည်များထောက်ပံ့

ရခိုင်နှင့် မူဆလင်များအကြား ချစ်ကြည်ရင်းနှီးမှုပိုခိုင်မာလာစေရန်အတွက် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် မူဆလင်အပြစ်သား ၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး မူဆလင် ၄ဝဝ ကျော်အတွက် အဝတ်အထည်များကို ထောက်ပံ့လိုက်သည်ဟု သိရသည်။

မူဆလင်အပြစ်သား ၈ ဦးကို ယမန်နေ့ ဇူလိုင်လ ၁ဝ ရက်တွင်ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ "ကုရ်ဘာနီအီးဒ်" နေ့အထိမ်းအမှတ်အဖြစ် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ယမန်နေ့တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကိုပြောသည်။

“အခုလိုမျိုး မူဆလင် ၈ ယောက်ကို လွှတ်ပေးရတဲ့အကြောင်းရင်းကတော့ မူဆလင်တွေရဲ့ အခါကြီးနေ့ရက်တွေမှာ သူတို့မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်ပြီးတော့ ဆုံဆည်းနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီရခိုင်နဲ့ မူဆလင်တွေကြားမှာ ချစ်ကြည်ရင်းနှီးမှုပိုပြီးတော့ ခိုင်မာလာစေဖို့အတွက်နေပြီးတော့ အလိုမျိုး လွှတ်ပေးတာ၊ အဝတ်အစားတွေထောက်ပံ့ပေးတာတွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်ဗျ”ဟု ပြောသည်။

ယခုလွှတ်ပေးလိုက်သည့် မူဆလင် ၈ ဦးမှာ ဘူးသီးတောင်မြို့နယ်မှဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့တာဝန်ရှိသူများက ယမန်နေ့တွင်  ဘူးသီးတောင်မြို့နယ်ကအတွင်း အာလဖာ(၂) စစ်ဒေသ၌ မိသားစုများထံ အခမ်းအနားဖြင့် လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် "ကုရ်ဘာနီအီးဒ်" နေ့အထိမ်းအမှတ်အဖြစ် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်ကျေးရွာပေါင်း ၂၂ ရွာပေါင်းမှ ဆင်းရဲနွမ်းပါးသည့် အမျိုးသား၊ အမျိုးသမီး ၄၅ဝ ဦးအတွက်လည်း အဝတ်အထည်များကို AA က ယင်းအခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

အစ္စလာမ်ဘာသာဝင်များ၏ "ကုရ်ဘာနီအီးဒ်" ပွဲတော်သည် ယမန်နေ့ ဇူလိုင် ၁၀ ရက်တွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲတော်သည် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သည်။

ကုရ်ဘာနီအီးဒ်အဓိပ္ပာယ်မှာ  "အသက်စွန့်လွှတ်ခြင်း"ဟု အဓိပ္ပာယ်ရပြီး တိရစ္ဆာန်များထဲမှ ကျွဲ၊ နွား၊ ဆိတ်၊ သစ်ကုလားအုတ်စသည်တို့ကို  သတ်ဖြတ်ကာ အလှူအတန်း ပြုလုပ်ရသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...