လယ်ယာထွက်ကုန်တွေကို ဒေါ်လာနဲ့ ရောင်းဖို့ သတ်မှတ်လိုက်တာကြောင့် ပြည်ပတင်ပို့သူတွေ အခက်ကြုံနေရ

လယ်ယာထွက်ကုန်တွေကို ဒေါ်လာနဲ့ ရောင်းဖို့ သတ်မှတ်လိုက်တာကြောင့် ပြည်ပတင်ပို့သူတွေ အခက်ကြုံနေရ

အာဏာသိမ်း စစ်ကောင်စီက လယ်ယာထွက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ပဲ ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေကို တင်ပို့ရင် ဒေါ်လာနဲ့ ရောင်းဖို့ ပြန်လည် သတ်မှတ်လိုက်တာကြောင့် ပြည်ပတင်ပို့သူတွေ အခက်ကြုံနေရတယ်လို့  ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက နယ်စပ် ကုန်သွယ်ရေးဇုန်တွေကနေ တဆင့် ပြည်ပတင်ပို့မယ့် လယ်ယာထွက်ကုန်တွေကို ဇူလိုင်လ (၁)ရက်နေ့ကစပြီး ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ် ရောင်းချခိုင်းတာ၊ ပြည်ပတင်ပို့ပြီးရင်လည်း ပို့ကုန်ရငွေ ဘဏ်စလစ် ပြနိုင်မှသာ နောက်တစ်ကြိမ် တင်ပို့ခွင့် ပြုမယ်လို့ ညွှန်ကြားလာတာပါ။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် အချိန်နဲ့တပြေညီ ကုန်ပစ္စည်းတင်ပို့ဖို့အတွက် ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာလို နယ်စပ် ကုန်ပစ္စည်း တင်ပို့မှု ကျဆင်းလာနိုင်တယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

“အချိန်နဲ့ တပြေညီ သွားရတာ၊ ကျွန်တော်တို့က ဒီကနေ ပို့လိုက်မယ်၊ ဒေါ်လာကနေ ပြန်ဝင်လာမှ နောက်တခါ လိုင်စင်ပေးပြီးတော့ နောက်တခါ သွားရမယ် ဆိုတဲ့ အခါကျတော့ ဂယက်တွေက အကြီးကြီး ဖြစ်သွားနိုင်တယ်၊ ပို့ကုန်က ကြန့်ကြာ သွားမှာပေါ့ ဒီကိစ္စတွေက၊ ကျွန်တော်တို့က လယ်ယာထွက်ကုန် ဆိုတာက လိုအပ်တဲ့ အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ ဒီလိုမျိုးသာ အချိန်သာ စောင့်ဆိုင်း နေရရင် ဈေးကွက် ဆိုတဲ့ဟာကလည်း အမြင့်ဘက်ကို သွားဖို့မရှိဘူး၊ အနိမ့်ဘက်ကိုပဲ သွားဖို့ ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကာလတွေတုန်းက လယ်ယာထွက်ကုန်တွေကို ထိုင်းနယ်စပ်ကတဆင့် တင်ပို့တဲ့ နေရာမှာ ဘတ်ငွေကိုသာ အဓိက အသုံးပြုခဲ့သလို တရုတ်နိုင်ငံကို တင်ပို့ရာမှာလည်း ယွမ်ငွေကိုသာ အသုံးပြုခဲ့တာပါ။

 ဒါပေမယ့် စစ်ကောင်စီက လယ်ယာထွက်ကုန်တွေကို ဒေါ်လာနဲ့ ရောင်းချဖို့ ပြန်လည်သတ်မှတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေ ကမောက်ကမာ ဖြစ်လာပါတယ်။

နယ်စပ်ကုန်သည် တစ်ဦးကတော့ စစ်ကောင်စီက လယ်ယာထွက်ကုန်တွေကို ဒေါ်လာနဲ့ ရောင်းချဖို့ ပြန်လည်သတ်မှတ် လိုက်တာကြောင့် ကုန်စည် စီးဆင်းမှု ရပ်တန့် သလောက် ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဟိုမှာ ဒေါ်လာတွေနဲ့ ပြောင်းလဲ သတ်မှတ်ပြီးတော့မှ အကုန်လုံး သွင်းကုန်လိုင်စင်တွေ လျှောက်ခိုင်တယ်လေ၊ လျှောက်ခိုင်တဲ့ အခါကျတော့ အခုမှာ ဘာကုန်မှ မရှိတော့ဘူး၊ ထွက်တဲ့ ကုန်လည်း မရှိတော့ဘူး၊ ဝင်တဲ့ ကုန်လည်း တော်တော် ရှားနေပြီး၊ ကုန်စည် စီးဆင်းမှု ရပ်တန့်သလောက် နီးပါး ဖြစ်နေပြီး” လို့ ဆိုပါတယ်။

နယ်စပ်ကုန်သည်တွေ အဆိုအရ စစ်ကောင်စီရဲ့ ကန့်သတ်ချက်ဟာ ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ကြီးလာပြီး အကျပ်အတည်း ပိုမို ရင်ဆိုင်လာရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံဟာ လယ်ယာထွက်ကုန်တွေကို ထိုင်းနဲ့တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးဇုန်တွေကနေ အများဆုံး တင်ပို့ရောင်းချနေတာ ဖြစ်ပြီး ထိုင်းနဲ့တရုတ်နိုင်ငံကတော့ အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ လယ်ယာထွက်ကုန်တွေကို စစ်ကောင်စီက ဒေါ်လာနဲ့ တန်ဖိုး သတ်မှတ် ရောင်းချခိုင်းတာဟာ ဒေါ်လာငွေ လိုအပ်ချက်ကို ပြသနေတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...