ဟိုပင်မြို့၊ငါးမိုင်ကျေးရွာတွင် အမျိုးသားလေးဦးကို စစ်ကောင်စီဖမ်းဆီးသွား

ဟိုပင်မြို့၊ငါးမိုင်ကျေးရွာတွင် အမျိုးသားလေးဦးကို စစ်ကောင်စီဖမ်းဆီးသွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ်၊ ငါးမိုင်ကျေးရွာမှာ အမျိုးသားလေးဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ (၄) ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ဟိုပင်မြို့က စစ်ကောင်စီရဲ့ တပ်ရင်း ခလရ(၄၀)တပ်ဖွဲ့ဝင်တွေဟာ ငါးမိုင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး CDM ကျောင်းဆရာအပါအဝင် အမျိုးသားလေးဦးကို ဖမ်းဆီးသွားပြီး နေအိမ်တွေကိုလည်း တစ်အိမ်တက်ဆင်း စစ်ဆေးမှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

“ မနေ့က နေ့လယ်တစ်နာလောက်က စစ်ကြောင်းထိုးပြီး ဖမ်းတာက တပ်ရင်း ၄၀ ပေါ့။မနေ့ကသူတို့ကားနဲ့တက်သွားတာ။ ရွာထဲလည်း တစ်အိမ်တက်ဆင်းရှာတာပေါ့လေ ကျန်တဲ့အိမ်တွေရော။ သူတို့က CDM လုပ်ထားတဲ့အခါကျတော့ တချို့မကျေနပ်တဲ့ ပျူစောထီးလည်းရှိမှာပါ့လေ၊ သူတို့ရွာထဲမှာ အဲဒါမျိုးကနေ သက်သက်ချောက်တွန်းတာပေါ့။”လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အင်အား(၈၀) ခန့်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ငါးမိုင်ကျေးရွာမှာ တပ်စွဲနေထိုင်နေပြီး ရွာအဝင်အထွက်စစ်ဆေးမေးမြန်းမှုတွေ ရှိနေသလို လက်နက် ရမ်းသန်း ပစ်ခတ်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...