စစ်တပ်ထောက်ခံသူတွေ အများဆုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို မွန်က မြို့နယ်အားလုံးမှာ ဖွဲ့စည်းထားပြီး

စစ်တပ်ထောက်ခံသူတွေ အများဆုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို မွန်က မြို့နယ်အားလုံးမှာ ဖွဲ့စည်းထားပြီး
ကလေးမြို့နယ် လည်ကြီးကျေးရွာတွင်၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေစဉ်။ ( RFA)
ကလေးမြို့နယ် လည်ကြီးကျေးရွာတွင်၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေစဉ်။ ( RFA)

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်အုပ်စုကို လိုလားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ပါ  ပါဝင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ဇွန်လကုန်မှာ အပြီးဖွဲ့စည်းဖို့ ညွှန်ကြားထားတာပါ။ လက်ရှိမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်လုံးမှာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာတော့ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ YMBA အသင်းဝင်တွေ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ၊ တပ်ထောက်ခံသူ၊ စစ်အုပ်စု လိုလားတဲ့ ဌာနဆိုင်ရာဝန်ထမ်း တချို့နဲ့ အရပ်သား တချို့ ပါဝင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို မြို့နယ် အားလုံးမှာ ဖွဲ့စည်းထားပြီး ဖြစ်ပေမယ့် လှုပ်ရှား ဆောင်ရွက်ဖို့ ခွင့်ပြုမိန့် မကျသေးဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ မြို့နယ်၊ရပ်ကွက်ကျေးရွာတွေကို အဓိက လုံခြုံရေးတာဝန်ယူရမှာ ဖြစ်ပြီး လိုအပ်ရင် စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ရဲတွေနဲ့အတူ ရှေ့တန်းထွက်ရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းရတာဟာ ပြည်သူ့လုံခြုံရေး စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရတာလို့ ဆိုထားပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဟာ ပြည်သူအချင်းချင်း ပြန်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...