ပင်းတယ- ရွာငံလမ်းအား မသွားလာရန် ပြောက်ကျားအဖွဲ့ တားမြစ်

ပင်းတယ- ရွာငံလမ်းအား မသွားလာရန် ပြောက်ကျားအဖွဲ့ တားမြစ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့၏ မြောက်ဘက်ထွက်ပေါက် ဖြစ်သည့် ပင်းတယ-ရွာငံ ဖြတ်လမ်း (တောင်ပေါ်ကြီးလမ်း)အား ဒေသခံ ပြောက်ကျားအဖွဲ့က ပိတ်ထားသည်ဟု သိရ သည်။

အဆိုပါဖြတ်လမ်းအား ဂျိုးဖြူ ပြောက်ကျား တပ်ဖွဲ့ (JPGF) က ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့မှ စ၍ ရက်အကန့် အသတ်မရှိ ပိတ်ထားသည်ဟု ထုတ်ပြန်ကြေညာသည်။

ဂျိုးဖြူ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ပြည်သူ တွေအနေနဲ့ တခြားလမ်းကသာ ရှောင်သွားကြပါလို့ မေတ္တာရပ်ခံပါတယ်။ မလွဲသာလို့ သွားလာရရင်လည်း ကားမှန် ချပြီး မောင်းပေးပါ။ ပြီးတော့ စကစ ကားတန်းတွေနဲ့ ကိုက် ၃၀၀ ခွာပြီး မောင်းကြဖို့ တောင်းဆို ပါ တယ်” ဟု ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ ဌာနဆိုင်ရာ၊ အဆောက်အဦ များကို ရှောင်ရှားကြရန်လည်း ဂျိုးဖြူ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက တိုက်တွန်းပြောဆိုထားသည်။

ပင်းတယ-ရွာငံ ဖြတ်လမ်း (တောင်ပေါ်ကြီးလမ်း) လမ်းပေါ်တွင် ရှိနေသည့် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခု ကို ဇွန်လ ၂၉ ရက်နေ့က ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့မှ ချုံခိုတိုက်ခိုက်၍ စစ်သားတစ်ဦး သေဆုံး ကာ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

 

ဂျိုးဖြူ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက စစ်ကောင်စီ သတင်းပေးဟု ယူဆရသည့် ဒလန်များကိုလည်း စစ်ကောင်စီအတွက် အလုပ်မလုပ်ကြရန် သတိပေးထားသည်။

ဂျိုးဖြူ ပြောက်ကျား တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၄ လတာ ကာလ အတွင်း စစ်ဆင်ရေး ၁၀ ခု ပြီးမြောက်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။  ဇွန်လ တစ်လအတွင်း၌ပင် စစ်ကောင် စီ သတင်းပေးဟု နာမည်ကြီးနေသည့် ဒလန် ၃ ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူက ပြော သည်။

ဂျိုးဖြူ ပြောက်ကျား တပ်ဖွဲ့တွင် မဟာမိတ် ၇ ဖွဲ့ ရှိပြီး လတ်တလော စစ်ရေးလှုပ်ရှားမှု အနေဖြင့် ပင်းတယ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (UGP)၊ ရွာငံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) တို့နှင့် ပူးပေါင်းလှုပ်ရှားလျက် ရှိသည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...