စစ်ကောင်စီ စွဲဆိုထားတဲ့ မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု တရားလွှတ်တော်ချုပ်ရုံး ပယ်ဖျက်

စစ်ကောင်စီ စွဲဆိုထားတဲ့ မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု တရားလွှတ်တော်ချုပ်ရုံး ပယ်ဖျက်

အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေ ဖြစ်တဲ့ ပုဒ်မ ၁၇၁(စ)အမှုတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ဖျက်ကြောင်း စီရင်ချ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံး တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။

အဲဒီအမှု  ၂ မှုမှာ တရားစွဲအဖွဲ့အစည်း ခွင့်ပြုမိန့် မပါတာကြောင့် အမှုဖြစ်စဉ်အားလုံးကို ချေဖျက်ပေးဖို့ ဝန်ကြီးချုပ် ရှေ့နေ့အဖွဲ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ လျှောက်ထားခဲ့ပါတယ်။

အဲဒီအမှုတွေအတွက် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက  ဇွန် ၂၉ ရက်နေ့မှာ ပယ်ဖျက်ကြောင်း စီရင်ချ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ဖျက်ကြောင်း စီရင်ချ ချမှတ်လိုက်တာကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၁၇၁(စ)နဲ့ အမှု ၂ မှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ပုဒ်မ ၁၃၀ (က) မှုအတွက် အမှုဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ထားရသလို ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခံထားရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...