ဒုက္ခသည် ၁၆၀၀၀ ကျော်အတွက် အကူအညီများ လိုအပ်နေ

ဒုက္ခသည် ၁၆၀၀၀ ကျော်အတွက် အကူအညီများ လိုအပ်နေ

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းက စစ်ဘေးရှောင် ၁၆၀၀၀ ကျော်အတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ညောင်လေးပင်ခရိုင် ဒေသခံများနှင့် ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းက ဒေသခံများ ဖြစ်ပြီး KNU နှင့် စစ်ကောင်စီတပ်တို့ အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ကျေးရွာ ပေါင်း ၃၀ မှ ဒေသခံများဖြစ်သည်ဟု ပြောသည်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦး က “တစ်သောင်းနဲ့ ခြောက်ထောင်ကျော်ပြီ။ ဘာ တွေ လိုအပ်သလဲဆိုတော့ အခုနက စားနပ်ရိက္ခာရယ်။ ဆေးဝါးရယ် ကျနော် သိရသလောက်ဆို ပိုပြီးတော့ အဓိ ကကျတာ အဲဒီ စားနပ်ရိက္ခာတို့ ဆေးဝါးတို့ အမိုးအကာ နေထိုင်ရေး အတွက် အမိုးအကာ။ ဘာဖြစ်လဲ ဆိုတော့ စစ်ရှောင်တဲ့ အနေအထားက ပိုပြီးတော့ တိုးလာဖို့ပဲရှိတယ်။ ဒီအနေအထား ဒီပုံစံအရ သွားမယ်ဆိုရင် ပိုပြီး တော့ နေ့စဉ်နဲ့ အမျှ တိုးတိုးလာတာပေါ့” ဟု ပြောသည်။

စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောင်မှုများလည်း များစွာ လိုအပ်နေသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်မှု အခြေအနေနှင့် ပတ်သက်၍ “စားရေးသောက်ရေးကျတော့ တချို့ ကျတော့ နည်းနည်း တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေ ဆိုတော့ သူတို့က ပြန်ပြီးတော့ ကိုယ့် ဆန်တို့ ဘာတို့ ခိုးခိုးပြီးတော့ ပြန်ပြီးတော့ သယ်ရတဲ့ အနေအထားမှာတော့ ရှိတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ တအားနီးကပ်တဲ့ ကျေးရွာတွေက လုံးလုံးကို မပြန်ရဘူး။ ဒီဟာတွေက သူတို့ ဘာမှ သယ်ယူတဲ့ အချိန်မရှိဘူးလေ။ တချို့ တိုက်ပွဲနဲ့ နီးကပ်တဲ့ ကျေးရွာတွေမှာ တခြားသော အလှူရှင်တွေ ကူတဲ့ အဖွဲ့အစည်း ဖြစ်စေ လူတစ်ဦးတစ်ယောက်ရဲ့ အလှူနဲ့ဖြစ်စေ သွားပြီးတော့ ပံ့ပိုးပြီးတော့ တတ်နိုင်သလောက်ပဲ အဲလိုပဲ သွား နေရတဲ့ အနေအထားမှာရှိတယ်” ဟု ညောင်လေး ပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ က ပြောသည်။

စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များလည်း ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စစ်ဘေးလွတ်ရာ တောတောင်များထဲတွင် နေရာထိုင်နေကြရပြီး  မိုးတွင်းကာ လ ဖြစ်သည့်အတွက် နေရာထိုင်ခင်း မလုံမခြုံမှုများနှင့် နာမကျန်းဖြစ်မှုများကိုလည်း ကြုံတွေ့နေကြရသည်ဟု ညောင်လေးပင်ခရိုင်အတွင်းက စစ်ရှောင်များကို ကူညီပေးနေသူက ပြောသည်။

“ဒီအချိန်မှာလည်း ကလေးတွေလည်း တအားဖျားကြတယ်။ သက်ကြီး ရွယ်အိုတွေပါတယ်။ ကလေးမိခင်တွေ မွေးကင်းစ အဲ့လို ပြီးတော့ ကိုယ်ဝန်သယ်တွေ မသန်စွမ်းတွေ ဆိုတော့ အဲမှာ သူတို့ နေထိုင်တဲ့ အခုလက်ရှိ မိုး တွင်း ကာလလည်း ခြင်တွေ အရမ်းကိုက်တယ်။ ပြီးတော့ နေတာထိုင်တာကလည်း တဲလေးထိုးပြီးတော့ အမိုး အကာ တာလပတ်လေးနဲ့ မိုးကြီးလေကြီး လာတဲ့အခါမှာလည်း တော်တော် လေးတော့ အခက်အခဲရှိ တယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU လက်အောက်ခံ တပ်မဟာတိုင်းနီးပါးတွင် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ထို တိုက်ပွဲများကြောင့် ဒေသံများမှာ စစ်ဘေးလွတ်ရာ တော၊ တောင်များထဲတွင် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောင်မှုများသာမက အဖက်ဖက်မှ အကူအညီများ လို အပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ က ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...