ညောင်လေးပင်ခရိုင်က စစ်ရှောင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရ

ညောင်လေးပင်ခရိုင်က စစ်ရှောင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရ

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်က ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၅)ရက်နေ့ကစပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်လို့ နယ်မြေခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ရှိ ကျေးရွာ(၁၄)ရွာက ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ အခုအခါ နာမကျန်း ဖြစ်တာနဲ့ ရာသီတုပ်ကွေး ပြဿနာတွေ ရင်ဆိုင်နေရသလို ဆေးဝါးနဲ့ အခြေခံရိက္ခာလိုအပ်ချက် တွေ ရှိနေတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအရပ်သားပြည်သူတွေအတွက် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးနဲ့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကယ် ဆယ်နေရာချထားရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေအတွက် ကူညီစောင့်ရှောက်ပေးလျက် ရှိနေတယ် ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင်ထဲကို တပ်အင်အားတွေ ထပ်ဖြည့်လာနေလို့ ဒေသခံပြည်သူတွေ ပိုမိုစိုးရိမ်နေပြီး ကျေးရွာတွေထဲမှာ မနေရဲတော့ဘဲ တိမ်းရှောင်မှုတွေ ထပ်မံရှိနေတဲ့အတွက် စစ်ရှောင်အရေအတွက် ပိုမိုများပြားလာနိုင်တယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ သာမက စစ်ရေးလှုပ်ရှားရာ ကျေးရွာတွေထဲကနေ ဒေသခံအရပ်သားပြည်သူတချို့ကို ဖမ်းဆီးတာတွေရှိနေပြီး လူသားဒိုင်းကာအဖြစ် အသုံးချတာတွေ ရှိနေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံက သိရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...