တရုတ်က ကွမ်းသီးအနု အဝယ်လိုက်နေလို့ မွန်ပြည်နယ် ကွမ်းသီးဈေးကွက်ပျက်မှာ စိုးရိမ်နေရ

တရုတ်က ကွမ်းသီးအနု အဝယ်လိုက်နေလို့ မွန်ပြည်နယ် ကွမ်းသီးဈေးကွက်ပျက်မှာ စိုးရိမ်နေရ

မွန်ပြည်နယ်ထွက် အရည်သောက်အရွယ် ကွမ်းသီးအနုတွေကို တရုတ်ဘက်က ဈေးကောင်း ပေးဝယ်ယူနေတာကြောင့် လာမယ့် ကွမ်းသီးပေါ်ချိန်မှာ ကွမ်းသီး အရင့်ရှားပြီး ဈေးကွက် ပျက်မှာကို စိုးရိမ်နေရတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရည်သောက်အရွယ် ကွမ်းသီးအနုတွေကို တရုတ်ကုန်သည်တွေက ဒီနှစ်ပိုင်းအတွင်း ကျေးရွာတွေ အထိ ဆင်းပြီး ဈေးကောင်းပေး ဝယ်ယူလာတဲ့အတွက် မွန်ပြည်နယ် ကွမ်းသီးဈေးကွက်မှာ ကွမ်းသီး အရင့်တွေ ရှားပြီး ဈေးနှုန်း မြင့်တက်လာပါတယ်။

လက်ရှိမှာတော့ ဈေးကွက်အတွင်း ကွမ်းသီးအရင့် လက်ကျန်နည်းနေတဲ့အတွက် ကွမ်းသီး တစ်ပိဿာကို ကျပ် ၄၉၀၀ ကနေ ၆၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ကွမ်းသီး ပွဲရုံလုပ်ငန်းရှင် တစ်ဦးက တရုတ်က ကွမ်းသီးအနု ဝယ်ယူမှု များပြားလာတာကြောင့် လာမယ့် ကွမ်းသီးပေါ်ချိန်မှာ ကွမ်းသီး အရင့်ရှားပြီး ဈေးကွက် ပျက်မှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“တရုတ် ဈေးကွက် မနှစ်ထဲက ဝင်နေပြီး၊ ဒီနှစ်ကတော့ ပထမဆုံး ပေါ်တဲ့ အစိမ်းသီးတွေကို ယူတာ ပိုများတယ်၊ သူတို့က ဟို့တောထိ သွားဆင်း ဝယ်တာလေ၊ ကွမ်းသီးဟာ အခုဟာ အဲ့ဒီ အနုသီးလည်း သွားတယ်၊ ဒီ အမှည့်လုံးလည်း ဈေးမြင့်တယ်လေ အခုသူတို့ ဝယ်တာ၊ အမှည့်လုံးလည်း ဈေးမြင့်တယ် အစိမ်းလုံးလည်း ဈေးမြင့်တော့လေ အခုဒီ အခြောက်လုံးတွေပါ ဈေးလိုက်တက်တာပေါ့ အဲ့လိုတွေ ဖြစ်နေတယ်၊ ဒါပေမယ့် နောက်နှစ်ခါ ထွက်မယ့် ကွမ်းသီးကတော့ နည်းသွားရင်တော့ ဈေးကွက် ပျက်မှာ ကြောက်ရတာပေါ့နော်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ အခုကာလဟာ ကွမ်းသီး ရာသီကုန်ချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း ကွမ်းသီးလက်ကျန် နည်းပါးလာတဲ့အတွက် ဈေးနှုန်းဆက်လက် မြင့်တက်လာပြီးနောက် အရောင်းအဝယ် အေးနေတယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ကွမ်းသီး အရင့်တွေ ဈေးကွက်အတွင်း ပြတ်လပ်မှု မရှိဖို့အတွက် ပြည်တွင်း လိုအပ်ချက်ကို တွက်ချက်ပြီး သိုလှောင် ထားရှိဖို့ လိုအပ်သလို တရုတ် ဝယ်ယူမှုကိုလည်း ဈေးကွက် တစ်ခု ထားရှိပြီး ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ကွမ်းသီး ပွဲရုံ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ ကွမ်းသီးတွေကို ရေးနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ အဓိက ထွက်ရှိတာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပြီး ပြည်ပတင်ပို့အနေနဲ့ အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချခဲ့ပေမယ့်  ဒီနှစ်မှာတော့ အိန္ဒိယက ဝယ်ယူတာ မရှိသေးဘူးလို့ သိရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...