နိုင်ငံတဝန်းမှာ မြေမြုပ်မိုင်းကြောင့် ကလေးသူငယ် ၁၀၀ ကျော် သေဆုံးဒဏ်ရာရ

နိုင်ငံတဝန်းမှာ မြေမြုပ်မိုင်းကြောင့် ကလေးသူငယ် ၁၀၀ ကျော် သေဆုံးဒဏ်ရာရ

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အနည်းဆုံး ကလေးသူငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

UNICEF ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့် သေဆုံးဒဏ်ရာရရှိသူတွေရဲ့ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်‌တွေ ဖြစ်ပြီး အသက် ဆုံးရှုံးစေတာနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့စေတာတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိ စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း မြေမြုပ်မိုင်းတွေကြောင့် သေဆုံး ဒဏ်ရာရသူ ကလေးငယ်သူ ၄၇ ဦးအထိ ရှိခဲ့သလို ပြီးခဲ့တဲ့ ဇွန် တတိယပတ်အတွင်း မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးနှစ်ဦးဟာ တောထဲမှာတွေ့ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို ကစားနေချိန် ပေါက်ကွဲမှုဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပဋိပက္ခအချိန်‌တွေအတွင်း ကလေးသူငယ်တွေဟာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ  ကြောင့် အပါအဝင် အားနည်း ထိခိုက်လွယ်ဆုံးသူတွေ ဖြစ်ကြသလို ကလေးငယ်တွေဟာ လူကြီး‌တွေထက် အရွယ်အစားအနေနဲ့ ပိုမိုသေးငယ်တာကြောင့် ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝ ခံရနိုင်ဖွယ်ပိုများတာကြောင့် သေဆုံးတာ ဒါမှမဟုတ် ပြင်းထန်ဒဏ်ရာ ရနိုင်ချေပိုများတယ်လို့လည်း UNICEF က ဆိုထားပါတယ်။

ဒါကြောင့် မြေမြှုပ်မိုင်းအသုံးပြုမှုတွေ ရပ်တန့်ရေးနဲ့ ရှိနှင့်ပြီးတဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲ သေးတဲ့ စစ်လက်နက်ပစ္စည်း တွေကို ရှင်းလင်းကြဖို့ UNICEF က မေတ္တာရပ်ခံ တိုက်တွန်း ထားပါတယ်။   

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...