“အာဏာသိမ်းစက ငါတို့အလွယ်တကူ နိုင်မယ်ထင်ခဲ့တာ အခုက NUG ကကောင်တွေက ထင်ရာစိုင်းနေကြတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး’’ ပန်ဆယ်လိုပြောဆိုတဲ့သတင်းအမှား

“အာဏာသိမ်းစက ငါတို့အလွယ်တကူ နိုင်မယ်ထင်ခဲ့တာ အခုက NUG ကကောင်တွေက ထင်ရာစိုင်းနေကြတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး’’ ပန်ဆယ်လိုပြောဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ပန်ဆယ်လို ဓာတ်ပုံနဲ့ ပြုလုပ်ထားတဲ့ အကောင့်တုကနေ တင်ထားတာဖြစ်ပြီး ပန်ဆယ်လိုက အမှန်တကယ် တင်ထားသယောင်နဲ့ နားလည်မှုလွဲမှားအောင် ပုံမှားရိုက်ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီအကောင့်တုကနေ တင်ထားတဲ့အကြောင်းအရာကို စစ်အောင်ဆိုသူက screen short ရိုက်ပြီး သူ့အကောင့်ကနေ ပြန်လည်တင်ထားတာဖြစ်ပါတယ်။

အဲဒီ ပန်ဆယ်လို အကောင့်တုမှာ “အာဏာသိမ်းစက ငါတို့အလွယ်တကူ နိုင်မယ်ထင်ခဲ့တာ အခုက NUG ကကောင်တွေက ထင်ရာစိုင်းနေကြတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါလဲတတ်နိုင် သလောက် ကြိုးစားခဲ့တာဘဲ အခုတော့ပြည်ပြေးဘဝနဲ့ အဆုံးသတ်ရတော့မယ် ဘယ်တတ်နိုင်မလဲ သမီးကိုဘဲ လူလားမြောက်အောင်လုပ်ပေးရတော့မယ်။” လို့ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပန်ဆယ်လိုဘက်ကို ဆက်သွယ်မေးမြန်ခဲ့ရာ အခုလိုရေးတင်ထားတာအကောင့်ဟာ အကောင့်အတုဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပန်ဆယ်လို အသုံးပြုတဲ့ အကောင့်အစစ်ကို အောက်ပါလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Link>>>https://www.facebook.com/AuthorPencilo

ပန်ဆယ်လိုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများနဲ့ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ အကောင့် အတုတွေကနေ သတင်းအတုများဟာ နေစဉ်လိုလိုထွက်ပေါ်နေပါတယ်။ အခုသတင်းအမှားဟာဆိုလည်း Like & React 74K၊ Comments 743 နဲ့ ပြန်လည်မျှဝေသူ 879 ထိရှိခဲ့ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...