ဇွန်လ (၁၆) ရက်နေ့ နံနက် ၄ နာရီ အချိန် အင်စိန်ထောင်တွင်းမှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ် ဆိုတဲ့သတင်းအမှား

ဇွန်လ (၁၆) ရက်နေ့ နံနက် ၄ နာရီ အချိန် အင်စိန်ထောင်တွင်းမှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ် ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Facebook စာမျက်နှာမှာ Zaw Moe Lwin အကောင့်ကရေးတင်ထားတာဖြစ်ပြီး “၁၆-၀၆-၂၀၂၂ ရက်နေ့ နံနက် ၄ နာရီ အချိန် အင်စိန်ထောင်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ်လို့ သတင်းထွက်နေပါတယ်” ဆိုပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ရဲ့ ဓာတ်ပုံနဲ့တကွ ရေးတင်ထားတာဖြစ်ပါတယ်။

ဇွန်လ (၁၆) ရက်နေ့ မနက်ပိုင်းမှာ ပျံနှံ့ခဲ့တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာလည်းဖော်ပြထားတာကိုတွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်စိန်အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ပတ်သက်ပြီး “မဟုတ်ပါဘူး။ ကျနော်တို့တောင် ဘာမှမသိဘူး။ တကယ်ဖြစ်ကြည့်ပါလား။ ဒီမနက်ပိုင်းဆို ထောင်ဆူနေပြီ။ ဒီလောက်ပဲပြောမယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ထောင်နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီသတင်းဌာနကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှာလည်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို ကြိုးပေးကွပ်မျက်ပြီးပြီးလို့ သတင်းအမှားများထွက်ပေါ်လာခဲ့ပါသေတယ်။ ဒါကြောင့်ပြည်သူများအနေနဲ့ သတင်းတွေကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနက သတင်းတွေကိုသာဖတ်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...