အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မင်းကုန်းကျေးရွာရှိ လူနေအိမ်အလုံး ၁၀၀ ကျော်ခန့် ကို စစ်ကောင်စီတပ်က မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၃ ရက်နေ့က မော်တိတ်ဒေသဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီကြောင်းက ဇွန် ၂၄ ရက်နေ့တွင် မင်းကုန်းရွာကို ဝင်ရောက်ကာ လူနေအိမ်များကို မွှေနှောက်ဖျက်ဆီးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အတော်လေးကို မွေနောက်ဖျက်ဆီးသွားတယ်ဗျ ဘာတွေဖျက်ဆီးသွားလဲဆိုတော့ အိမ်ထဲမှာရှိတဲ့ ဗီယိုတွေ ၊ နေအိမ်တံခါးတွေ ပြတင်း ပေါက်တွေ အိမ်တိုင်တွေကို ရိုက်ချိုးဖျက်ဆီးသွားတယ်။ တချို့အိမ်တွေဆိုရစရာမရှိဘူး ။တချို့အိမ်တွေကဆိုရင် လက်ဝတ်ရတာနာတွေပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်ပေါင်း ၁၆၀ ဝန်းကျင်ရှိသည့် မင်းကုန်းရွာအား စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းမှ လူနေအိမ် ၇ လုံးကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်းရှိ အလျှူခံပုံးများကို ဖျက်ဆီးခြင်း အလှူငွေများကိုခိုးယူခြင်းများလည်း ပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် အဆိုပါမင်းကုန်းရွာကို မွေနောက်ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်သည် ဇွန်လ ၂၃ ရက်နေ့က မော်တိတ်နဲ့ မံထုံ ကျေးရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပြီး စစ်တပ်ဘက်မှ အထိနာသွားခဲ့သည်ဟု ကသာခရိုင်တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

“သူတို့က ခြေလျှင်နဲ့လာတာ အင်အားက ၁၅၀ ကျော်ရှိတယ်။ မံထုံ ၊တောင်ကြီးဘက်ကို စစ်ကြောင်းထိုးလာတာဗျ။ အဲ့တာကို ကျနော်တို့ပူးပေါင်းတပ်တွေက ကြားညပ်တိုက်ခိုက်ခဲ့တာ တိုက်ပွဲကလေးနာရီလောက်ကြာတယ်။ အဲ့မှာကို သူတို့ဘက်က ကျနော် ၂၀ ကျော်ကျဆုံးသွားတယ် အလောင်းတွေကိုလာကောက်ပြီး မော်တိတ်နားက တောထဲမှာ မြုပ်သွားတာအလောင်းတွေကို ကျနော်တို့ဘက်က အကျဆုံးမရှိဘူး ကျည်ဆံကုန် နောက်ပြန်ဆုတ်ခဲ့တာ”ဟုပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် မင်းကုန်းကျေးရွာမှ ဒေသခံ တစ်ထောင်နီးပါးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားသည့်နောက် ဇွန်လ ၂၅ ရက်နေ့တွင် ကျေးရွာသို့ပြန်ကပ်နိုင်ကြောင်းသိရသည်။

အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှာမှုပိုမိုလုပ်ဆောင်လာနေပြီး PDF နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲလည်းမကြာခဏဖြစ်ပွားနေကြောင်းသိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...