မွေးနေ့ ဆုတောင်းသူ တပ်ကြပ်ကြီးကို ဖမ်းပြီး မိသားစုအား လိုင်းခန်းမှ နှင်ထုတ်

မွေးနေ့ ဆုတောင်းသူ တပ်ကြပ်ကြီးကို ဖမ်းပြီး မိသားစုအား လိုင်းခန်းမှ နှင်ထုတ်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့က လူမှုကွန်ရက် စာမျက်နှာတွင် ရည်ရွယ်သူ အမည်မပါဘဲ ဆုတောင်းစာရေးသ ဖြင့် ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး မိသားစုကိုလည်း လိုင်းခန်းမှ နှင်ထုတ်သည်ဟု သိရသည်။

ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၎င်း၏ မိသားစုကို အိမ်ထောင်သည် လိုင်းခန်းမှ ဖယ်ခိုင်းနေခြင်း ဖြစ်သည်ဟု သိရသည်။  

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ဆရာကြီးကို ဖမ်းထားတာ အခုထိ ပြန်မလွှတ်ပေး သေးဘူး။ အခုလည်း သူ့မိသားစုကို လိုင်းခန်းက နေနှင်ထုတ်ထားတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူက ဇွန် ၂၃ ရက်နေ့တွင် နေအိမ်လိုင်း ခန်း မှ  ဖယ်ပေးရန် အသိပေးထားသည်ဟု ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးက သူ၏ Ko Zin Oo အကောင့်တွင် ဇွန်လ ၁၉ ရက်နေ့က “Happy Birthday ပါ အ သက်ရှည်ရှည်နေရပါစေ” ဟု ရည်ရွယ်သူ အမည်မဖော်ပြပဲ ဆုတောင်းစာရေးသား ခဲ့ခြင်းသည်။

ထိုဆုတောင်းစာရေးပြီး နောက်တစ်နေ့တွင် ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်မှ “ဘယ်သူ့အတွက် မွေးနေ့ ဆု တောင်းပေးနေတာလဲ မေးပေးကြပါအုန်း စာတစ်ကြောင်းနဲ့ ဘဝပျက်သွားချင်လို့ ထင်တယ်” ဟုရေးသားပြီး ဓာတ်ပုံများဖြင့် ဖော်ပြကာ ရဲတပ်ကြပ်ကြီးကို ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

“ဟန်ငြိမ်ဦး တယ်လီဂရမ်ကနေ ခြိမ်းခြောက် ခံရပြီဆိုရင် သိပ်မကြာဘူး။ အဖမ်း ခံရတာပါပဲ” ဟု ပုသိမ်မြို့ခံ တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ အတွင်းက ဟန်ငြိမ်းဦး၏ တယ်လီဂရမ်ချယ်နယ်တွင် ရေးသားဖော်ပြခဲ့သည့်အတွက် ပုသိမ်မြို့က ရဲမှူးတစ်ဦးနှင့် မြို့ခံ အမျိုးသမီး ၃ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ ပုသိမ်မြို့က ရဲမှူး လူမှုကွန်ရက် စာမျက်နှာတွင် ထင်မြင်ချက်ရေးသားခဲ့ပြီး ပုသိမ်မြို့ခံ အမျိုးသမီး ၃ ဦးမှာ စစ်ဘေးရှောင်များကို ငွေလှူဒါန်းသည့်အတွက် ဟန်ငြိမ်းဦး၏ တယ်လီဂရမ်တွင် ဖော်ပြခြိမ်းခြောက် ခံခဲ့ရပြီးနောက် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...