စစ်ကိုင်းမြို့နယ်မှာ PDF အကြမ်းဖက်သမားများမှ မိသားစုဝင် ၇ဦးကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ရာ မိသားစု ၄ ဦး သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိဆိုတဲ့ သတင်းအမှား

စစ်ကိုင်းမြို့နယ်မှာ PDF အကြမ်းဖက်သမားများမှ မိသားစုဝင် ၇ဦးကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ရာ မိသားစု ၄ ဦး သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိဆိုတဲ့ သတင်းအမှား

ဒီသတင်းအမှားကို ချယ်ရီသစ္စာ အကောင့်မှ “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းချီကျေးရွာနေ ဦးဝင်ရှိန်ရဲ့ နေအိမ်ကို PDF အဖွဲ့ဝင်များ ဆိုက်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့လုပ်ကြံရာ ဦးဝင်ရှိန်အပါအဝင် သူရဲ့မိသာစုဝင် ၄ ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့သလို ကလေးငယ်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့” ရေးသားဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး PDF ဘက်မှ တာဝန်ရှိသူက “ ကျနော်တို့အဓိကတော့ အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီးဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်းပြုလုပ်မှာမဟုတ်ဘူး။”

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူများစွာဟာ လက်သည်မပေါ်ပဲအကြောင်းမဲ့ အသတ်ခံနေရတာဖြစ်ပါတယ်။ အဲ့သလိုဖြစ်စဉ်များနဲ့ အတူသတင်းတုသတင်းအမှားများစွာလည်း နေ့စဉ်ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

စစ်ကိုင်းမြို့နယ်မှာ မိသားစုဝင် ၇ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး တခြားသတင်းဌာနကြီးတွေမှာလည်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။ ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းများကိုသေချာရွေးချယ်ပြီး ဖတ်ရှုကြဖို့လိုအပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...