ဟုမ္မလင်းမြို့နယ်၊ နောင်ပါခါးမူလွန်ကျောင်းမှာ PDF အကြမ်းဖက်များ ထောင်ထားတဲ့ လက်လုပ်မိုင်းများကို လုံခြုံရေးအဖွဲ့များမှရှင်းလင်း ဆိုတဲ့သတင်းအမှား

ဟုမ္မလင်းမြို့နယ်၊ နောင်ပါခါးမူလွန်ကျောင်းမှာ PDF အကြမ်းဖက်များ ထောင်ထားတဲ့ လက်လုပ်မိုင်းများကို လုံခြုံရေးအဖွဲ့များမှရှင်းလင်း ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Fifty Two News Account မှ “၂၀၂၂ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ မနက်ပိုင်း ၉ နာရီခွဲခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွား၊ နောင်ပါခါးရပ်ကွက်၊ နောင်ပါခါးမူလတန်းလွန်ကျောင်းမှာ PDF အကြမ်းဖက်များမှ ဒေသခံပြည်သူလူထုများရဲ့ရင်သွေးငယ် ကျောင်းသား/ကျောင်းသူများကို ထိခိုက်ကြောက်လန့်စေဖို့ ယုတ်မာတဲ့ရည်ရွယ်ချက်နဲ့ ချထားတဲ့ကျောင်းအဝင် တံခါးဘေးမှာ ကျောပိုးအိတ်ပန်းရောင်နဲ့ထည့်ထားတဲ့ လက်လုပ်မိုင်း (၁)လုံး၊ (၂)ထပ် ကျောင်းဆောင်အောက်ထပ် လှေကားအခြေတွင် လက်လုပ်မိုင်း (၁)လုံးအား လုံခြုံရေးအဖွဲ့များမှ ကြိုတင်ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းသိရတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများနဲ့ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်ကလည်း “ ဟုမ္မလင်းမြို့နယ်အတွင်းရှိ  PDF များမှ စာသင်ကျောင်းများမှာ မိုင်းများထောင်ထားကြောင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ဝါဒဖြန့်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာလည်း နောင်ပိုအောင်ကျေးရွား စာသင်ကျောင်းမှာ PDF များ မိုင်းထောင်းထားပြီး ဖျက်ဆီးလိုက်ရကြောင်း အကြမ်းဖက် စစ်ကောင်စီနဲ့ အလိုတူ အလိုပါ ဝါဒတူသူများမှ လူထုအမြင်မှားစေဖို့ လုပ်ကြံဇာတ်လမ်း ဖန်တီးပြီး ဝါဒဖြန့်ခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဆက်လက်ဖော်ပြထားတာက “ ကျနော်တို့ တပ်ဖွဲ့များဟာ အပြစ်မဲ့ပြည်သူများကို ထိခိုက်စေနိုင်တဲ့ နေရာများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို လုံးဝ(လုံးဝ)  မပြုလုပ်ပါ” လို့ရေးသားဖော်ပြထားပါတယ်။

ပြည်သူများအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုများကြားထဲမှာ နေ့စဉ်နဲ့အမျှ သတင်းတု၊ သတင်းအမှားတွေဟာ ထွက်ပေါ်နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှသတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...