ကလေးမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ အလင်းဝင်ရောက်လာတဲ့ PDF သင်တန်းဆင်များကို မိဘထံပြန်လည်အပ်နှံ ဆိုတဲ့သတင်းအမှား

ကလေးမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ အလင်းဝင်ရောက်လာတဲ့ PDF သင်တန်းဆင်များကို မိဘထံပြန်လည်အပ်နှံ ဆိုတဲ့သတင်းအမှား

ထိုသတင်းအမှားမှာ “ဇွန်လ ၆ ရက် နံနက် ၉ နာရီခန့်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) အောင်ဆန်း ခန်းမမှာ ပြစ်မှုကျူးလွန်မှုမရှိတဲ့ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း/ လက်ခံ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ဒေသကွပ်ကဲမှူး စစ်ဌာနချုပ် (ကလေး)၊ ဒေကွပ်ကဲရေးမှူး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌနဲ့ အဖွဲ့ဝင်များ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အလင်းဝင်ရောက်သူများနဲ့ သူတို့ရဲ့ အုပ်ထိန်းသူများတက်ရောက်ခဲ့တယ်လို့” Fifty Two News အကောင့်ကနေရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကလေး PDF ဘက်မှာ တာဝန်ရှိသူက ““ကျနော်ဘက်က မှတ်ချက်ပေးချင်တာကတော့ ကျနော်တို့ဘက်က အဲ့သလိုမျိုးမရှိဘူး၊ အဲ့သတင်းမှာဖော်ပြထားသလိုမျိုးလည်း ကျနော်တို့မလုပ်ကြပါဘူး၊ ဒါမျိုးကိစ္စတွေမရှိပါဘူး၊ စကစထောက်ခံတဲ့ဘက်ကနေမှ ပုံရိပ်အမှားဖြစ််အောင် သတင်းအတုဖြန့်ချိတာပဲဖြစ်ပါလိမ်မယ်။”

ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါမှာ သတင်းဌာနကြီးများမှာရေးသားဖော်ပြထားတဲ့သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...