၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ်ပြီး ကွတ်မျက်ပြီးပြီ ဆိုတဲ့သတင်းအမှား

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ်ပြီး ကွတ်မျက်ပြီးပြီ ဆိုတဲ့သတင်းအမှား

ဇွန်လ (၃) ရက်နေ့မှာ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပါတယ်။

နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုပြီးနောက်မှတော့ ဇွန်လ (၃) ရက်နေ့မှာပဲ “ကွတ်မျက်ပြီးပြီ ဟုသိရတယ်။ Credit ဟန်ငြိမ်းဦး” ဆိုပြီး တေနုယဉ်အဘသမီးဆိုတဲ့ အကောင့်ကနေပြီး ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ်ပြီး ကွတ်မျက်ပြီးပြီ ဆိုတဲ့ သတင်းအအမှားရေးတင်ထားတာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ရှုတ်ချထားပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ပြောခွင့်ရှိသူကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ချင်းဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း ဒီကိစ္စမှာ ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။

Link>>> http://burmese.dvb.no/archives/537224

ဒါကြောင့် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပေမယ့် ကွတ်မျက်လိုက်ပြီဆိုတာကိုတော့ သတင်းဌာနကြီးတွေမှာဖော်ပြထားတာတွေမရှိသေးပါဘူး။ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...