ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာကနေ မေလ ၂၄ ရက်နေ့က ရေးသားထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

Fifty Two News လူမှုကွန်ယက်စာမျက်နှာမှာ “ ထန်တလန်မြို့တွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် CDF အကြမ်းဖက်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက် CDF-Thantlang လက်မောင်းတံဆိတ်ပါ ကျား ၂ လောင်းနှင့်အတူ အိန္ဒိယနိုင်ငံထုတ်ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် CDF များထွက်ပြေးရာလမ်းကြောင်းရှိ ပြည်သူပိုင်နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်’’ ဟု ဖော်ပြထားတာဖြစ်ပါတယ်။

ထန်တလန်မြို့မှာ မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Thantlang တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ မှန်ကန်ပေမယ့် CDF-Thantlang ဘက်က အကျဆုံးမရှိခဲ့သလို စစ်ကောင်စီဘက်ကသာ ၆ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ CDF-Thantlang က တရားဝင်ထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာကြည့်ရှုနိုင်ပါတယ်။ Link https://www.facebook.com/100491915475960/posts/375929524598863/

အဲဒီတိုက်ပွဲဖြစ်စဉ်မှာ CDF-Thantlang ဘက်က ကျဆုံးမှုမရှိဘဲ သူတို့ရဲဘော် ၄ ဦး မပြင်းထန်သောဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထန်တလန်မြို့အမှတ် ၁ ရက်ကွက်က မီးမလောင်သေးတဲ့နေအိမ်တွေကို အိမ်တိုင်း လိုလိုမီးရှိုခဲ့တာကြောင့် အိမ်အတော်များများလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ CDF-Thantlang ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Fifty Two News မှာတင်ထားတဲ့ “ ထန်တလန်မြို့ကို CDF တွေက ထပ်မံမီးရှို့’’ ဆိုတဲ့ပိုစ့်ဟာ သတင်းအမှား သာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကိုတိုင်က မီးရှိှုခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကစလို့ ယခုချိန်ထိ အနည်းဆုံး ၂၈ ကြိမ်ခန့် မီးရှို့ခဲ့ကြပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ကျော် မီးလောင်ပြာကျခဲ့ရပြီးဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်ကို Thantlang Placement Affairs Committee- IDPs Help လူမှုကွန်ယက်စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။ Link https://www.facebook.com/108100014858517/posts/255112670157250/

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...