မောင်တောမှ ပြန်ပြေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်းနှစ်ဦး ပြန်လည်လွတ်မြောက်ရန် မိသားစုများမှ ငွေကြေးအချို့ချေးငှားပေးခဲ့ရဟုဆို

မောင်တောမှ ပြန်ပြေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်းနှစ်ဦး ပြန်လည်လွတ်မြောက်ရန် မိသားစုများမှ ငွေကြေးအချို့ချေးငှားပေးခဲ့ရဟုဆို

ရခိုင်ပြည်၊ မောင်တောခရိုင်မှ ပြန်ပြေးဆွဲခံထားရသည့် ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာမတို့ ပြန်လည်လွတ်မြောက်ရန်အတွက် မိသားစုဝင်များထံမှ ငွေကြေးအချို့ပေးခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ထိုသို့ ပေးချေရန်အတွက် လက်မှတ်ရေးထိုးရာတွင် မိမိတို့မိသားစုဝင်များဘက်မှ ပါဝင်ခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါအချက်အလက်များနှင့်ပတ်သက်၍ သတင်းအချက်အချက်အလက်များကို ထိမ်ချန်မှုများ ပြုလုပ်ထားပေးရန် ခရိုင်အုပ်ချုပ်ရေးမှူးမှ တားမြစ်မှုများလည်းရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရဘက်က ကျနော်တို့ကို သတင်းထိမ်ချန်ထားတာတွေ ရှိပါတယ်။ ကျနော်တို့မိသားစု အချင်းချင်းတောင်မှ စကားပြောခွင့်မပေးတာမျိုးတွေ ရှိပါတယ်။ဒီဟာတော့ ကျနော်တို့ကို လုံခြုံရေးအရလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ နားလည်ပေးပါတယ်။ သတင်းထိမ်ချန်ထားတာတော့ သူတို့ သတင်းပေါက်ကြားသွားမှာကို စိုးရိမ်လို့ပဲရှိမယ် “ ဟု အဆိုပါမိသားစုဝင်ကပြောသည်။

အဆိုပါပညာရေးဝန်ထမ်းနှစ်ဦးပြန်လည်လွတ်မြောက်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် ငွေကြေး (တာကာငွေ) သိန်းငါးဆယ် ( မြန်မာငွေကျပ်သိန်းတစ်ထောင်)ကို ပေးချေရန် ဖမ်းဆီးသွားသူများမှ ဇွန်လ ၁၇ ရက်နေ့တွင် ဖုန်းဆက်ပြောဆိုခဲ့ပြီးနောက်  ၁၈ ရက်နေ့တွင် ငွေစတင် ပေးချေခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါမိသားစုဝင်များအနေဖြင့် ငွေကြေးမလောက်ငှသည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငွေကြေးများချေးယူခြင်း၊ပညာရေးဌာနမှ ငွေများထောက်ပံ့ပေးမှုများရှိခဲ့ပြီး အစိုးရဘက်မှလည်း ငွေပေးမှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးဌာနမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

“ပညာရေးဝန်ထမ်းက အဲဒီငွေတွေကို ဘယ်ကရနိုင်မလဲ။ အခက်အခဲရှိတဲ့အတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့က ချေးထားရတယ်။ မိသားစုတွေဘက်က ချေးထားရတာပေါ့။ ကုန်ကျငွေတွေကို အကုန်လုံးက စုပြီးပေးရတာလို့တော့သိရတယ် ” ဟု၄င်းကဆိုသည်။

ယခုကဲ့သို့ အစိုးရဝန်ထမ်းများအနေဖြင့် ရုံးကိစ္စ၊တာဝန်ဖြင့် သွားရောက်စဉ် ပြန်ပေးဆွဲခံရမှုအပေါ် မိသားစုဝင်များမှပါ ငွေကြေးစိုက်ထုတ်ပေးရသည်မှာ မဖြစ်သင့်သည့် အခြေအနေတစ်ခုဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသည့် လက်ထောက်မူလတန်းပြ ဆရာမတစ်ဦးက ဆိုသည်။

“ကိုယ့်ခံစားချက်နဲ့ သုံးသပ်ချက်နဲ့ ပြောရရင် ဒီဟာက မဖြစ်သင့်ဘူး။ အခုအဖမ်းခံလိုက်ရတာကလည်း ရုံးကိစ္စနဲ့ တာဝန်အရ သွားရတာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ သွားတာမဟုတ်ဘူးလေ။ ဒီလိုမျိုး  သူတို့နှစ်ယောက်တည်းမဟုတ်ဘဲ နောက်တစ်ခါ ဘယ်ဝန်ထမ်းမဆို  သူတို့လို ဖြစ်လာဖို့ ၊မဖြစ်လာဖို့ဆိုတာကတော့  ဘယ်သူမှ ပြောလို့မရဘူးလေ။ အဲလိုမျိုး ဖြစ်လာရင် ငွေစိုက်နိုင်တဲ့ ဝန်ထမ်းအသိုင်းအဝိုင်းကဆိုရင် အဆင်ပြေပါတယ်ပေါ့။ ဒါပေမဲ့ ငွေမစိုက်နိုင်တဲ့ ဝန်ထမ်း အသိုင်းအဝိုင်းကဆိုရင် ဘယ်လိုလုပ်ကြမလဲ”ဟု ၄င်းကဆိုသည်။

လက်ရှိအခြေအနေအရ အစိုးရဘက်မှ တာဝန်ယူမှုနှင့် အာမခံမှု မရှိသကဲ့သို့ ဖြစ်ပျက်နေပြီး အကယ်၍ စားဝတ်နေရေး မပြေလည်သည့် ဆရာ၊ ဆရာမများသာဆိုပါက များစွာအခက်တွေ့နိုင်ကြောင်း သူက ထပ်လောင်းပြောဆိုခဲ့သည်။

“တကယ်လို့ နောက်ခံအသိုင်းအဝိုင်းမကောင်းတဲ့ ဝန်ထမ်းတစ်ယောက်ဆိုရင်တော့ ဒီလိုမျိုး နောက်ဆက်တွဲတွေသာ ဖြစ်လာခဲ့မယ်ဆိုတဲ့စိတ်နဲ့  အဲဒီနယ်တွေမှာ သင်ပြပေးနိုင်မယ့် အနေအထားတွေက နည်းသွားပြီလေ။ နယ်ခံသား ဆရာ၊ ဆရာမတွေဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကြိတ်မှိတ်ပြီး နေရမယ့် အနေအထားရှိသလို တချို့  စားဝတ်နေရေး အဆင်ပြေတဲ့ ဆရာ၊ ဆရာမတွေကျတော့ ဒီလိုမျိုးအခက်အခဲတွေကို ရုန်းထွက်မယ်လို့ ထင်ပါတယ် ကိုယ့်ခံစားချက်အရပေါ့  “ဟု ၄င်းက ဆိုသည်။

မောင်တော်မြို့နယ်၊ သင်္ဘောလှကျေးရွာမှာ တာဝန်ထမ်းဆောင်နေသည်သော မူလတန်းကျောင်းအုပ်ချုပ် ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့နှစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် နေ့ နေ့လည် ၁ နာရီခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးသို့သွားရောက်စဉ် သင်္ဘောလှကျေးရွာနှင့် ၇ မိုင်ခန့်ဝေးကွာသည့် ကျောက်ချောင်းကျေးရွာအနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးသွားသူနှစ်ဦးအား လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ရှာဖွေသူများပါ ပစ်ခတ်ခံရမှုများရှိသဖြင့် ရှာဖွေမှုကိုရပ်တန့်ခဲ့ကြသည်။

ထို့ ပညာရေးဝန်ထမ်းနှစ်ဦးကို မည့်သည့်အဖွဲ့အစည်းမှ ဖမ်းဆီးထားကြောင်း မသိရှိရဘဲ ၎င်းတို့နှစ်ဦးမှာ ပြန်ပြေးဆွဲခံထားရကြောင်းသိရှိခဲ့ကြရခြင်းဖြစ်သည်။

ထို့နောက် ငွေကြေးပေးချေမှုများပြုလုပ်ခဲ့ရပြီး ရက်သတ္တပတ်ကျော်အကြာ ယနေ့(ဇွန်လ ၂၃ရက်နေ့) နံနက်ခြောက်နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်းကျေးရွာအနီးတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...