စစ်ကောင်စီက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျဆုံးခဲ့ရ

စစ်ကောင်စီက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျဆုံးခဲ့ရ

မကွေးတိုင်းပွင့်ဖြူမြို့နယ် မဲဇလီတံတားပေါ်စစ်လက်နက်တွေသယ်ဆောင်လာတဲ့ဒေသကာကွယ် ရေးတပ်ဖွဲ့တွေရဲ့ကား ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁၂) ဦးကျဆုံး ပြီး (၃) ဦးဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့က သိရပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ကားဟာ သရက်နဲ့ ကံမမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်သယ်ဆောင်ပြီး အပြန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး မနက် (၆) နာရီလောက်အထိ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့ တာပါ။

“တိုက်ပွဲပြီးတော့ စစ်ခွေးတွေက အလောင်းတွေကို ဆည်တော်ဘက်အခြမ်းမှာပုံထားတယ်။ ပွင့်ဖြူကနေ သမ္မဆန္ဒကားနဲ့ လာသယ်တာတော့တွေ့တယ်။ အလောင်းကိုသယ်တာလား ဒဏ်ရာ ရတဲ့သူ သယ်တာလားတော့မသိရဘူး။ခံစားနေရတာတမျိုးကြီးပဲဗျာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကားပေါ်ပါလာတဲ့ PDF (၁၂)ဦးကျဆုံးခဲ့ပြီး (၃)ဦးဖမ်းဆီးခံရကာ (၂)ဦးမှာ ဒဏ်ရာပြင်းထန်တယ် လို့သိစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

PDF တွေပါတဲ့ FAW ကားမီးလောင်ပျက်စီးခဲ့ပြီးယာဉ်ပေါ်ပါလာတဲ့ KA -25 အမျိုးအစား သေနတ် (၁၉)လက်ပျက်စီးပြီး (၆)လက် မှာအကောင်းတိုင်းသိမ်းဆည်းရမိကာ ၄၀ မမ ဗုံးပစ် လောင်ချာ တစ်လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...