အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်တွေကို ကူညီဖြေရှင်းပေးဖို့ တောင်းဆို

အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်တွေကို ကူညီဖြေရှင်းပေးဖို့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီက အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်လာတဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်း တစ်ခုလုံးက ကူညီဖြေရှင်းပေးဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီးတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း အကြမ်းဖက်မှုတွေ ပိုမို ခံစားလာရသလို စစ်အာဏာရှင် ဆန့်ကျင်တဲ့ အမျိုးသမီးတွေဆိုရင် စစ်ကောင်စီက မတရား ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ထောင်ချတာအပြင် လိင်ပိုင်းဆိုင်ရာ စော်ကားတွေမှုကိုပါ ကျူးလွန်လာပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်လလျှင် အနည်းဆုံး အမျိုးသမီး ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အဲဒီထဲက အမျိုးသမီး ၁၀ ဦးထက်မနည်းဟာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေကြောင့် သေဆုံးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်သလို ကမ္ဘာ့လူ့အဖွဲ့အစည်း တစ်ခုလုံးကလည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် တားမြစ် ဖြေရှင်းပေးဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မကလျာကျော်မျိုးက အခုလိုပဲ ပြောပါတယ်။

“ ကို့ထက်အားနည်းတဲ့ အမျိုးသမီးတွေအပေါ် သတ်ဖြတ်တာတွေကို ချက်ချင်းရပ်ပစ်ဖို့ ကိုယ်တိုင်လည်း လိုသလို ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း ဝိုင်းဝန်းတားမြစ်ပေးဖို့ လိုတယ်ပေါ့နော် ။ တစ်ကမ္ဘာလုံးအနေနဲ့ရော မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ် အာရုံစိုက်ပြီး တားမြစ်ပေးဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတွေဟာ ဓါးစားခံအဖြစ် ဖမ်းဆီးခံရတာ၊ အကြောင်းမဲ့ ဖမ်းဆီးညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ခံရတာ၊ ပစ်မှတ်ထား စောင့်ကြည့်ခံရတာတွေကြောင့် လွတ်လပ်စွာ လှုပ်ရှားသွားခွင့်ကအစ အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။

အဲဒီထဲမှာတော့ အကျဉ်းထောင်က အမျိုးသမီးတွေဆိုရင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ် စက်ခံရတာအပြင် လိင်းပိုင်ဆိုင်ရာ စော်ကားမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အမျိုးသမီးလစဉ် ကျန်းမာရေး ပြဿနာအတွက်လည်း စောင့်ရှောက်မှုမခံရဘဲ ၊ မီးဖွားခွင့်ကဲ့သို့ ကိုယ်ဝန်ဆောင်သည်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုပါ ချိုးဖောက် ခံနေရပါတယ်။

အခုလို အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်းထားတဲ့ ဖြစ်စဉ်တွေကို စာရင်းသေချာ ပြုစုထားဖို့နဲ့ နောင်တချိန်မှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် တရာမျှတမှု ပြန်လည် ရှာဖွေသွားဖို့ လိုအပ်နေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက တိုက်တွန်းထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...