ပျောက်ဆုံးနေသည့်မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်း ကျောင်းအုပ်တစ်ဦးနှင့် ဆရာမတစ်ဦးကို ရှာဖွေမှုများဆက်လက်ပြုလုပ်

ပျောက်ဆုံးနေသည့်မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်း ကျောင်းအုပ်တစ်ဦးနှင့် ဆရာမတစ်ဦးကို ရှာဖွေမှုများဆက်လက်ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇွန် ၁၆ ရက်နေ့ကတည်းက ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်း ကျောင်းအုပ် ဆရာကြီးနှင့် လက်ထောက်ဆရာမတစ်ဦးတို့ကို ဒေသခံတိုင်းရင်းသားများက စုပေါင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့၏ အကူအညီယူပြီး ရှာဖွေနေသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူများမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ နယ်မြေအပိုင် သင်္ဘောလှကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့်  မူလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်း (၃၄ နှစ်)နှင့် သူ၏လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်(၂၃ နှစ်ခန့်)တို့ဖြစ်ကြကြီး သူတို့ ပျောက်ဆုံးနေသည်မှာ ယနေ့ဆိုလျှင် ၄ ရက် မြောက်လာခဲ့ပြီဖြစ်သည်။

သူတို့ နှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့လယ်ပိုင်းက သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့ နောက်ထပ် အဖော်ဆိုင်ကယ်နှစ်စီး၊ စုစုပေါင်း သုံးစီးဖြင့် သွားကြစဉ် ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် သူ၏ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးမှာ မောင်တောမြို့သို့ မရောက်ဘဲ ပျောက်ဆုံးနေသည်။

သူတို့စီးလာသည့် ဆိုင်ကယ်ကို ဇီးပင်ချောင်းကျေးရွာအနီးရှိ တောအုပ် အနီးတွင် တွေ့ရှိခဲ့ပြီး စီးနင်းလာသူ ပညာရေးဝန် ထမ်းနှစ်ဦးမှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်။

ထိုသို့ ပျောက်ဆုံးနေပြီးနောက် လိုက်လံရှာဖွေနေကြပြီး  အမည်မသိ အဖွဲ့တစ်ခုမှ ၎င်းတို့နှစ်ဦးအတွက်  ပြန်ပေးငွေ တာကာငွေ သိန်း (၅၀) (မြန်မာကျပ်ငွေ သိန်းတစ်ထောင်) တောင်းထားသည်ဟု နံ့သာတောင် ဆရာတော် ဦးစရဏက နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။

အဆိုပါ ပြန်ပေးဆွဲခံရသည့် သတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရခိုင်ပြည်နယ်ကောင်စီမှသော်လည်းကောင်း၊ စစ်ကောင်စီပညာရေး ဝန်ကြီးဌာနမှသော်လည်းကောင်း ယနေ့ထိတစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မေးမြန်းသော်လည်း တာဝန်ရှိသူများကလက်ခံဖြေဆိုခြင်း မရှိကြောင်း သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...