စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုကြောင် မြစ်ကြီးနား-ပူတာအို ခရီးသည်တင်ယာဉ်အချို့ ရပ်နား

စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုကြောင် မြစ်ကြီးနား-ပူတာအို ခရီးသည်တင်ယာဉ်အချို့ ရပ်နား

စက်သုံးဆီစျေးနှုန်း မြင့်တက်နေမှုတွေကြောင့် မြစ်ကြီးနား-ပူတာအို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်အချို့ ရပ်နား‌နေကြရပြီလို့ သိရပါတယ်။

လက်ရှိ ဓာတ်ဆီဈေးတွေ တက်နေပေမယ့် ခရီးသွားပြည်သူတွေကို ပုံမှန် ဈေးနှုန်းနဲ့ပဲ ပြေးဆွဲနေရတဲ့ အနေအထားတွေကြောင့် အချို့ ကားသမားတွေဟာ ရပ်နားကုန်ပြီဖြစ်တယ်လို့ ယာဉ်မောင်းတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဓာတ်ဆီက ဒီက (၂)သိန်းလောက်ထည့်သွားမှ မြစ်ကြီးနားရောက်တယ်။ ဘယ်လိုမှ မကိုက်ဘူး။ (၇)ယောက် တင်ရင်တောင် ဆီဈေးလောက်ပဲ ဆိုတော့ မကိုက်ဘူးပေါ့။ အချို့ကတာ့ ရပ်နားလိုက်ကြပြီ။ ကျွန်တော်တို့က ပရဟိတ သွားသလို ဖြစ်နေတယ်"လို့ သူက ပြောပါတယ်။

ယာဉ်ပြေးဆွဲတဲ့ ကားသမားတွေ ရပ်နားလာတဲ့သူ များလာနေတာကြောင့် ပူတာအို ဘက်က ဈေးရောင်း၊ ဈေးဝယ်တွေ ခက်လာမယ့် အခြေအနေရှိပြီး ကုန်ဈေးနှုန်းတွေပါ ပိုမို မြင့်တက်လာနိုင်တယ်လို့ အထက်ပါ ကားသမားက ဆိုပါတယ်။

ပူတာအိုမြို့မှာ ကား ဂိတ်(၈)ခုလောက်ပြီးတော့ ပုံမှန် မြစ်ကြီးနား-ပူတာအိုဘက် အတက် အဆင်းလုပ်နေတဲ့ ကားဟာ အစီး(၅၀) လောက် ရှိတယ်လို့လည်း သိရပါတယ်။

ကားသမားတွေအနေနဲ့ ခရီးသည် တစ်ယောက်ကို ပုံမှန် ကားခ(၄)သောင်းဝန်းကျင် ကောက်ခံပြီး ပြေးဆွဲနေရတာကြောင့် ပူတာအိုအတက် လမ်းတစ်လျှောက်က စစ်ကောင်စီ ဂိတ်တွေမှာ ဂိတ်ကြေးပေးဆောင်ရတာတွေ၊ ဓာတ်ဆီဈေးနှုန်းတွေကြောင့် အဆင်မပြေမှုတွေ ရှိနေတာပါ။

ဒါ့အပြင် ပုံမှန် တစ်ရက်တည်းနဲ့ရောက်တဲ့ ခရီးကို လက်ရှိမှာတော့ လမ်းမှာတင် အခြေအနေအမျိုးမျိုးကြောင့်စောင့်ဆိုင်းနေရတာမျိုးတွေရှိတာကြောင့် ခရီးသွားနှောင့်နှေးရတယ်လို့လည်း ပြောဆိုနေကြပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...