ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့်အမှု လိုပြသက်သေ ၂ ဦးကို စစ်ဆေး

ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့်အမှု လိုပြသက်သေ ၂ ဦးကို စစ်ဆေး

ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့်အမှုနှစ်မှုနှင့် ပတ်သတ်ပြီး ဇွန်လ ၁၄ရက်နေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ ယာဉ်မောင်းသူနှင့် လုပ်ငန်းရှင် ဦးရှောက်စန်းကို စစ်ဆေးခဲ့ရာစွပ်စွဲချက်များနှင့် ပတ်သက် ၍ သိရှိခြင်းမရှိကြောင်း ၎င်းတို့ကထွက်ဆိုခဲ့ကြသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးမောင်ဝိတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လာရောက်တွေ့ဆုံချိန်တွင် ဦးရှောက်စန်းလည်းရှိနေသည့်အတွက် ၎င်းကို တရားလိုပြသက်သေအဖြစ် ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အတွင်း လေးကြိမ်ခွဲပြီး တံစိုးလက်ဆောင်ရယူခဲ့သည်ဟုစွပ်စွဲကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူးဦးရဲထက်က တရားလိုလုပ်၍ အဂတိအမှု နှစ်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော်စွပ်စွဲချက်နှင့်ပတ်သက်ပြီး ပတ်သက် ပြီး မေလ ၃၁ရက်နေ့ရုံးချိန်းတွင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူဒါန်းခြင်းသာဖြစ်ကြောင်းထွက်ဆိုခဲ့ပြီး သက်သေထွက်ဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ လှည့်ကာ ထိုင်ကန်တော့ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့်အမှုများထဲမှ ယခုနှစ်မှုအပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ဆက်စပ်စွဲဆိုထားသည့် အမှု ခြောက်မှုကို အပတ်စဉ်အင်္ဂါနေ့တိုင်း နေပြည်တော်တွင် စစ်ဆေးလျက်ရှိသည်။

အဆိုပါ အမှုများထဲမှ အမှုနံပါတ် (၃) နှင့် ပတ်သတ်ပြီး ယမန်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေနှစ်ဦးကို စွပ်စွဲခံရသူများဘက်က ရှေ့နေများက ပြန်လှန်စစ်မေးပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...