ယဉ်လတ်နေအိမ် မိုင်းဆင်ဖောက်ခွဲမှု ပြည်သူတိုင်ကြားမှုများလာခြင်းကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟုဆို

ယဉ်လတ်နေအိမ် မိုင်းဆင်ဖောက်ခွဲမှု ပြည်သူတိုင်ကြားမှုများလာခြင်းကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟုဆို

စစ်ကောင်စီဒေါက်တိုင် အဆိုတော်ယဉ်လတ်နေအိမ် အဝေးထိန်းစနစ်ဖြင့် မိုင်းထောင်ဖောက်ခွဲမှုသည် ပြည်သူတိုင်ကြားမှုများလာခြင်းကြောင့် Free Fighter force အနေဖြင့် မိုင်းထောင်ဖောက်ခွဲခြင်းဖြစ်သည်ဟု ဗိုလ်ဒေးဗစ်က ပြောသည်။

ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းရှိ ယဉ်လတ်နေအိမ်အား ရန်ကုန်အခြေစိုက် Free Fighter forceနှင့် Yangon People Defense Force(Bahan) တို့ပူးပေါင်း၍ အဝေးထိန်းစနစ်ဖြစ် မိုင်းထောင်ဖောက်ခွဲခဲ့သော်လည်း မိုင်းError ဖြစ်ပြီးမပေါက်ကွဲခဲ့ပေ။

ယင်းအပေါ် လုံခြုံရေးအရ မည်သို့ ဆက်လုပ်သွားမည်ကို မပြောဆိုနိုင်သော်လည်း ထပ်မံစောင့်ကြည့်ရမည့်သူစာရင်းတွင် ထည့်သွင်းထားကြောင်း ဆိုသည်။

“ဒီအတွက် ကျွန်တော်တို့ သေချာပြင်ဆင်ထားခဲ့တာပါ။ နောက်ထပ် မစ်ရှင်တွေကိုလည်း အခြားမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်။ လုံခြုံရေးအရ ဘာဆက်လုပ်သွားမလဲ ဆိုတာကို စောင့်ကြည့်ရမယ်ပေါ့။ ကျွန်တော်တို့ဘက်က ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့ဘက်ကလည်း ပြင်ဆင်တာတွေ ရှိလာနိုင်တယ်။ စကတွေ ရောက်လာပြီး မိုင်းကို ဖြုတ်သိမ်းသွားပါတယ်”ဟု ပြောသည်။

ယဉ်လတ်၏ နေအိမ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နို၀င်ဘာလအတွင်းက ပထမအကြိမ် ဗုံးဖောက်ခွဲခံရပြီးနောက် ယခု ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်တွင် ဒုတိယအကြိမ်မြောက် မိုင်းထောင်ဖောက်ခွဲခံရခြင်း ဖြစ်သည်။

July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...