စစ်ကောင်စီက PDF တွေ လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ်ချက် Putao PDF လက်မခံကြောင်း ထုတ်ပြန်

စစ်ကောင်စီက PDF တွေ လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ်ချက် Putao PDF လက်မခံကြောင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်သားတွေကို လက်နက်ချအလင်းဝင်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်ကမ်းလှမ်းတာနဲ့ ပတ်သက်ပြီး လက်မခံကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ဇွန်လ(၁၃)ရက်နေ့ရက်စွဲနဲ့ သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ သစ္စာဆိုထားတဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိတဲ့အချိန်ထိ ပြည်သူလူထုနဲ့ အတူတကွရပ်တည်ပြီး စစ်အာရှင်စနစ်ကျရှုံးရေးကို တစိုက်မတ်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ် ။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်သားတွေဟာ CDM ပြုလုပ်သူတွေနဲ့ PDF တပ်သားတွေကို ဖမ်းဆီးတာ၊ အမှုဖွင့်တာ ၊ ဝရမ်းထုတ်တာတွေနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းသိမ်းဆည်းတာတွေ ကျူးလွန်နေတာကို ၎င်းတို့တပ်ဖွဲ့က လုံးဝ လက်မခံကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဥပဒေမဲ့လုပ်ရပ်ကျူးလွန်နေတာတွေကို ရပ်တန့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်တယ်လို့လည်း ပါရှိပါတယ်။

PDF တပ်ဖွဲ့တွေနဲ့ အဖွဲ့အစည်းအမျိုးမျိုးကို စစ်ကောင်စီက နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဥပဒေဘောင်အတွင်းကို လက်နက်အပ်နှံပြီး ပြည်သူ့ဘဝကို ပြန်လည်ဝင်ရောက်တာမျိုး ပြုလုပ်မယ်ဆိုရင် ကြိုဆိုလက်ခံသွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...