လုံးတုံစစ်တပ်ထဲ အင်အားတိုးချဲ့မှုတွေကြောင့် တိုက်ပွဲဖြစ်ပွါးလာမည်ကို ဒေသခံများ စိုးရိမ်နေ

လုံးတုံစစ်တပ်ထဲ အင်အားတိုးချဲ့မှုတွေကြောင့် တိုက်ပွဲဖြစ်ပွါးလာမည်ကို ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသက လုံးတုံစစ်တပ်ထဲကို စစ်ကြောင်းတိုးချဲ့ဝင်ရောက်မှုတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မိုင်းနောင်ကျေးရွာအနောက်ဘက် ကျောက်ဆင်ကုန်းနေရာမှာ နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဖားကန့်ကနေ လုံးတုံစစ်တပ်ထဲကို အင်အားနှစ်ရာဝန်းကျင်ခန့် ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေကြောက်လန့်ပြီး ကျောင်းတွေပိတ်ထားကြတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဟိုတစ်နေ့က ပစ်ခတ်ကြပြီးတဲ့နောက် ရွာထဲမှာ အများကြီးထပ်ရောက်နေကြတယ်။ ပစ်ခတ်လာမှာကို ကြောက်လို့ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေက ကျောင်းပိတ်ထားကြတာ။စစ်ကြောင်းတွေ ပတ်ဝန်းကျင်မှာ မလှုပ်ရှားတော့တဲ့အထိ ပိတ်ထားမှာပေါ့။ “ လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် လုံးတုံ ကျေးရွာ မမုံကိုင်ကျေးရွာ နဲ့ မိုင်းနောင်ကျေးရွာ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်း(၂၆) ရဲ့လှုပ်ရှားနယ်မြေဖြစ်တဲ့ အဲဒီဒေသမှာ ဇွန်လ(၁၀)ရက်နေ့က လုံးတုံကျေးရွာကနေ မိုင်းနောင်ကျေးရွာကို လှုပ်ရှားဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA , PDF ပူးပေါင်းတပ်ဖွဲ့တို့ တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...