ရေကြီးရေလျှံမှုကြောင့် ဖားကန့်ကျောက်ဝိုင်းရပ်နားထားရ

ရေကြီးရေလျှံမှုကြောင့် ဖားကန့်ကျောက်ဝိုင်းရပ်နားထားရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်ဝိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်လာတာကြောင့် ဇွန်လ(၁၁)ရက်နေ့က စပြီး ရပ်နားထားတယ်လို့ သိရပါတယ်။

လက်ရှိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံဖြစ်နေတာသာမက ‌ဖားကန့်ကျောက်ဝိုင်းနဲ့ လုံးခင်းကျောက်ဝိုင်း အထိပါ ရေရောက်ရှိလာတာကြောင့် ကျောက် ရောင်း၊ ဝယ်တာတွေ ရပ်နားထားကြတယ်လို့ ဒေသခံတစ်ဦးကညမြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျောက်ဝိုင်း လုပ်တဲ့နေရာ ရေကြီးတော့။ ကျောက်အရောင်း အဝယ်တွေ ရပ််ထားတာပေါ့။ မရှီကထောင် ကြိုးတံတားရော မြုပ်တယ်”လို့ သူက ပြောပါတယ်။

အခုရက်ပိုင်း မိုးများလာတာကြောင့် ဥရုချောင်း ရေကြီး ရေလျှံဖြစ်ပြီး ဖားကန့်မြို့ပေါ်က ရပ််ကွက်ရပ်အချို့ဟာ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

ရေဘေးသင့် ပြည်သူတွေကို လူမှု ကူညီရေးအသင်းတွေနဲ့ ပြည်သူ‌တွေ စု‌ပေါင်းပြီး ကူညီဆောင်ရွက်မှုတွေ လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ လက်ရှိ ရေဘေးသင့်နေတဲ့ အိမ်ခြေ ရာကြီးဂဏာန်းလောက် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...