မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တွင် ၅နှစ်အရွယ်ကလေး ကျည်ဆံမှန်၍ သေဆုံး

မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တွင် ၅နှစ်အရွယ်ကလေး ကျည်ဆံမှန်၍ သေဆုံး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အရှေ့ရပ်ကွက်၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ၊ ရပ်ကွက်အကွက်မှူး(ဆယ်အိမ်ခေါင်း)ဦး၀င်းကျော်ဆိုသူ၏ နေအိမ်တွင် အသက်ငါးနှစ်အရွယ် ကလေးတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သည့်ဖြစ်ရပ် ဇွန် ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင်ဆိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး၏ နေအိမ်တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်အတွင်းနေသူ တစ်ဦးထံမှ သိရသည်။

အခင်းဖြစ်နေအိမ်အတွင်း ကလေးငယ်နှစ်ဦး သေနတ်ဖြင့် ဆော့ကစားရာမှ တစ်ဦးကျည်ဆံထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့သလို၊ သေနတ်သမားက ၀င်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့သည်။

“ကလေးနှစ်ယောက်က သူ့အဘိုးသေနတ်ကို ကိုင်ဆော့နေရင်း ရုတ်တရက်ကျည်ထွက်ပြီး၊ တစ်ယောက်က ရင်ဘတ်ကျည်ဆံမှန်ပြီး သေရှာတာပါ၊ အဲဒီလူက ရပ်ကွက် အကွက်မှူးပါ၊ စစ်တပ်နဲ့လည်းအချိတ်အဆက်ရှိတယ်၊ နောက်ပြီးတော့ သူက ပျူခေါင်းဆောင်” ဟု အခင်းဖြစ် ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

သေဆုံးသူကလေးငယ်သည် အသက်ငါးနှစ်၀န်းကျင် အရွယ်ခန့်သာ ရှိသေးကြောင်းလည်း သိရပြီး၊ အဘိုးဖြစ်သူနှင့်အတူ နေအိမ်အတွင်းရှိနေစဉ် အခင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်ဒေသခံများက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီအားပေး ထောက်ခံသူများဘက်က သတင်းများတွင်မူ နေအိမ်အတွင်းသို့ သေနတ်သမားက၀င်ရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...