KIA စခန်းကုန်းတွေကို စစ်ကောင်စီက သိမ်းနိုင်တယ်ဆိုတဲ့ သတင်းမှားဖြန့်

KIA စခန်းကုန်းတွေကို စစ်ကောင်စီက သိမ်းနိုင်တယ်ဆိုတဲ့ သတင်းမှားဖြန့်

ကချင်လွတ်လပ်ရေး တပ်မတော် KIA စခန်းကုန်းတွေကို စစ်ကောင်စီတပ်က တစ်ကုန်းပြီး တစ်ကုန်းသိမ်း နေ တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို မိုးတိမ်ကဗျာဆိုသူ Facebook အကောင့်ပိုင်ရှင်က 🇲🇲🇲🇲🇲🇲ချစ်သော အမျိုး များ ၁၃၅🇲🇲🇲🇲🇲🇲 ဆိုတဲ့ Facebook Group မှာ ဇွန်လ ၁ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါ တယ်။

တပ်စခန်းကုန်းတစ်ခုမှာ တိုက်ပွဲဖြစ်နေတဲ့ ရုပ်သံတစ်ခုကို အသုံးပြုပြီး မိုးတိမ်ကဗျာဆိုသူက ရေးတင်ထားတာ ဖြစ်ပါတယ်။

မိုးတိမ်ကဗျာဆိုသူက “KIA စခန်းကုန်းတွေတော့ တပ်မတော်က တစ်ကုန်းပြီးတစ်ကုန်း တက်သိမ်းနေပါပြီ” (မူရင်းအရေးအသားအတိုင်း) ဆို ပြီး ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်မှာ လက်ရှိ အချိန်အထိ စစ်ကောင်စီတပ်နှင့် KIO/KIA တို့အကြားမှာ စခန်း ကုန်းတွေ သိမ်းနိုင်လောက်တဲ့ စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ မရှိသလို စစ်ကောင်စီတပ်က KIA တပ်စခန်း တွေကို သိမ်းယူနိုင်တာ မရှိလို့ပဲ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို တိုက်ပွဲ အခြေအေနေ တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA လှုပ်ရှားဒေသတွေမှာ တိုက်ပွဲငယ်လေးတွေသာ ဖြစ်ပွားပြီး စခန်းသိမ်း တိုက်ပွဲတွေ သိမ်းနိုင်တဲ့ အထိ တိုက်ပွဲဖြစ်ပွားတာ မရှိသလို စစ်ကောင်စီကလည်း KIO/KIA စခန်းကုန်းတွေကို သိမ်းယူနိုင်တာ မရှိဘူးလို့ ပြောပါတယ်။

တိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ပြည်နယ် အခြေစိုက် သတင်းဌာနတွေက ဒေသခံ တွေကို မေးမြန်းပြီး သတင်းရေးသားမှုတွေထဲမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က အင်းတော်ကြီး ဒေသက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်စခန်းကုန်းကို KIO/KIA က သိမ်းယူ နိုင်တယ်ဆိုတဲ့ သတင်း ကိုသာ တွေ့ရပြီး စစ်ကောင်စီတပ်က KIO/KIA စခန်းကုန်းတွေကို သိမ်းယူနိုင်တယ်ဆိုတဲ့ သတင်းတွေ ကို မတွေ့ရပါဘူး။

ကချင်ပြည်နယ် အခြေစိုက် ကချင်သတင်းဌာန ဖြစ်တဲ့ KNG က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3twupus ဝင်ကြည့်လို့ရသလို မြစ်ကြီးနားဂျာနယ်ရဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3OdeWrd ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီရဲ့ စစ်ကြောင်းကိုသာ KIO/KIA ဖက်က တိုက်ခိုက်ခဲ့တာကိုသာတွေ့ရပြီး စစ်ကောင်စီတပ်က စခန်းကုန်းတွေ သိမ်းနိုင်လောက်တဲ့ ထိုးစစ်ဆင်မှုတွေ မရှိ ဘူးဆိုတာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ သတင်းရေးသားမှုကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်လိုက်တဲ့အခါမှာ မိုးတိမ်ကဗျာဆိုရဲ့ ရေးသားမှုဟာ မြေပြင်မှာ ဖြစ်ပွား ခဲ့တာ မရှိတဲ့ အကြောင်းအရာကို ဖန်တီးပြီးတော့ ရည်ရွယ်ချက်ရှိရှိ လိမ်ညာ ဝါဒဖြန့်ထားတဲ့ သတင်းအမှား ဖြစ် တယ်ဆိုတာကို တွေ့ရပါတယ်။

မိုးတိမ်ကဗျာဆိုသူရဲ့ ရေးသားမှုကို ကြိုက်နှစ်သက်သူ၊ သဘောထားမှတ်ချက်ပေးသူနဲ့ ထပ်ဆင့်ဖြန့်ဝေသူတွေ လည်း ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိ နိုင်ငံရေး မတည်မငြိမ်တဲ့ ကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေး အခေါ်တွေ အမြင်တွေ ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်း အမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/ အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေပေးကြဖို့လိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...