မဲဇာရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

မဲဇာရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာတွင် မပေါက်ကွဲပဲ ကျန်ရှိနေသည့် လက်နက်ကြီးတစ်လုံး ထပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

မဲဇာရွာ ရပ်ကွက် ၆ ရှိ နေအိမ်ဝင်းတစ်ခုတွင် ကျခဲ့သည့် လက်နက်ကြီးတစ်လုံးသည် မပေါက်ကွဲဘဲရှိနေခဲ့ရာ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အိမ်ရှင်အမျိုးသမီးမှ ဖယ်ရှားရန်လုပ်နေစဉ်ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး က KNG သို့ ပြောသည်။

“လက်နက်ကြီးကျည်အမျိုးအစားက 79 ကျည်အမျိုးစားလို့လည်း ပြောနေကြတယ်။ တံမြက်စည်းလှဲရာနေရင်းနဲ့ တွေ့လို့ ကောက်ပစ်မယ်လုပ်တဲ့အခါမှာ ပေါက်ကွဲပြီးမှသေ သွားတာ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် အမျိုးသမီး မှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မလွေဆိုသူ ဖြစ်ပြီး မဲဇာ ရပ်ကွက် ၆ တွင် နေသူဖြစ်ကြောင်း သိရသည်။

ယခုပေါက်ကွဲခဲ့သည့် လက်နက်ကြီးသည် မဲဇာရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောသည်။

အင်းတော်မြို့နယ် မဲဇာရွာတွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုမှာ ယခုပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...