မဲဇာရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

မဲဇာရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာတွင် မပေါက်ကွဲပဲ ကျန်ရှိနေသည့် လက်နက်ကြီးတစ်လုံး ထပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

မဲဇာရွာ ရပ်ကွက် ၆ ရှိ နေအိမ်ဝင်းတစ်ခုတွင် ကျခဲ့သည့် လက်နက်ကြီးတစ်လုံးသည် မပေါက်ကွဲဘဲရှိနေခဲ့ရာ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အိမ်ရှင်အမျိုးသမီးမှ ဖယ်ရှားရန်လုပ်နေစဉ်ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး က KNG သို့ ပြောသည်။

“လက်နက်ကြီးကျည်အမျိုးအစားက 79 ကျည်အမျိုးစားလို့လည်း ပြောနေကြတယ်။ တံမြက်စည်းလှဲရာနေရင်းနဲ့ တွေ့လို့ ကောက်ပစ်မယ်လုပ်တဲ့အခါမှာ ပေါက်ကွဲပြီးမှသေ သွားတာ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် အမျိုးသမီး မှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မလွေဆိုသူ ဖြစ်ပြီး မဲဇာ ရပ်ကွက် ၆ တွင် နေသူဖြစ်ကြောင်း သိရသည်။

ယခုပေါက်ကွဲခဲ့သည့် လက်နက်ကြီးသည် မဲဇာရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောသည်။

အင်းတော်မြို့နယ် မဲဇာရွာတွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုမှာ ယခုပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...