ဆွတ်အောင်ရွာအထွက် တံတားအနီး လူငယ်(၄) ဦး ပစ်သတ်ခံထားရ

ဆွတ်အောင်ရွာအထွက် တံတားအနီး လူငယ်(၄) ဦး ပစ်သတ်ခံထားရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ဆွတ်အောင်ရွာအထွက် တံတားအနီးတွင် လူငယ်လေးဦး လက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခံထားရသည့်အလောင်း ယမန်နေ့ည(၇)နာရီခွဲ ဝန်းကျင်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆွတ်အောင်ရွာအထွက် သုသာန်အနီး တံတားအောက်ဘက်တွင် အသက်(၃၀)ဝန်းကျင် လူငယ်(၄)ဦးတို့ကို လက်ပြန်ကြိုးတုတ်ထားသည့် အပြင် ‌ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ထားကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဆွတ်အောင်အထွက် သုသာန်ကြားမှာ ဖြစ်တာ။ သင်္ချိုင်းကုန်းနဲ့ ဆွတ်အောင်ရွာ ကြားမှာ တံတားလေး ရှိတယ်။ အဲဒီ တံတားအောက်ထဲမှာ လူငယ်(၄)ယောက်ပေါ့ ပစ်သတ်ခံရတာ။ အလောင်းတောင် မကောက်ရသေးဘူး။ လက်ကို တိတ်နဲ့ လက်ပြန်ကြိုးစည်းထားတယ်။ လေးယောက်လုံးကို ခေါင်းတွေမှာပဲ ပစ်သွားတာ"ဟု ၎င်းက ဆိုသည်။

လက်ရှိ အဆိုပါ အလောင်းများကို မည်သည့်အဖွဲ့အစည်းမှ သွားရောက်ကောက်ယူခြင်း မရှိသေးသောကြောင့် အကြောင်းအရင်း အသေးစိတ်ကို မသိရှိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"အလောင်းတွေလည်း မကောက်ရသေးဘူး။ အခုထိ ရှိနေတယ်။ အန္တရာယ်များလို့ ဘယ်သူမှ မသွားရဲသေးဘူး။ ဘယ်သူဘယ်ဝါ ဆိုတာလည်း မသိရသေးဘူး"ဟု ၎င်းက ဆိုသည်။

အဆိုပါ လူငယ်(၄)ဦးကို မည်သည့်အဖွဲ့ အစည်း က သတ်ဖြတ်သွားသည်ကို မသိရှိရသေးပါ။

လက်ရှိအချိန် ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်များမှု ရှိခဲ့သည့်အပြင် နှစ်ဖက်တပ်မှလည်း နေရာအချို့တွင် ပစ်ခတ်မှုဖြစ်ပွားလျက် ရှိနေသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...