NUG ရဲ့ မြစ်ကြီးနားဖက်ဒရယ်ကျောင်း နေအိမ်အခြေပြု သင်ကြားရေး အစီအစဉ်စတင်

NUG ရဲ့ မြစ်ကြီးနားဖက်ဒရယ်ကျောင်း နေအိမ်အခြေပြု သင်ကြားရေး အစီအစဉ်စတင်

မြစ်ကြီးနားဖက်ဒရယ်ကျောင်းရဲ့  နေအိမ်အခြေပြုသင်ကြားရေးအစီစဉ် စတင်နေပြီဖြစ်ပြီး အပ်နှံထားတဲ့ အခြေခံပညာ ကျောင်းသူ/သားအရေအတွက် (၁၀၀၀) ကျော်ရှိတယ်လို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ဆီကနေ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေနေအရ ကျောင်းသူ/သားတွေရဲ့ ပညာသင်ယူခွင့် အခွင့်အလမ်းဆုံးရှုံးနေတာကို ပြန်လည်ကုစားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တဲ့  အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနရဲ့  ကြားကာလပညာရေးအစီစဉ်တစ်ခုဖြစ်တဲ့ အခြေခံပညာရေး အွန်လိုင်းကျောင်းကို ဒီကနေ့ ဇွန်လ (၁)ရက်နေ့ ကနေ စတင်နေပြီ ဖြစ်ပြီး ကျောင်းအပ်ကာလကိုတော့ ဇွန်လ (၁၂) ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ လျောက်ထားတဲ့ကလေးတွေကိုတော့ ဝင်ခွင့်ရကြောင်း အသိပေးထားပြီးပြီ ။ အဲဒီကလေးတွေကတော့ (၆) လပိုင်းတစ်ရက်နေ့စမယ်။ နောက်ဆက်သွယ်လာတဲ့ ကလေးမှန်သမျှကိုလည်း သူတို့အတန်းပိုင်တွေကနေတစ်ဆင့် ဆက်သွယ်ခိုင်းထားပါတယ်။"လို့ ဆိုပါတယ်။

မြစ်ကြီးနားဖက်ဒရယ်ကျောင်းကတော့ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး  သင်ကြားမှုကိုတော့ Zoom Application ကနေ တဆင့် သင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

" ကျောင်းအပ်ချင်တဲ့ သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ Page messenger မှာ ဝင်ခွင့်ဖောင်လာပြီးတော့ တင်ရမယ်ပေါ့နော် ။ ပညာရေးကတော့ အခမဲ့ပညာရေးစနစ် ဖြစ်ပါတယ်။ Zoom ဖွင့်ထားရမယ် Signal အကောင့်တွေလည်း ဖွင့်ထားရမယ်ပေါ့နော်။ ကျန်တာတော့မလိုပါဘူး။ ကလေးတွေအကုန်လုံးကို Zoom ကနေပဲ သင်ပေးသွားမှာဖြစ်တယ်ပေါ့နော် "လို့ ပြောပါတယ်။

NUG အစိုးရကဖွင့်လှစ်တဲ့ မြစ်ကြီးနားဖက်ဒရယ်ကျောင်းမှာ ပုံမှန်အတိုင်းအတန်းအပ်တာရှိသလို မိမိအစီစဉ်နဲ့ လေ့လာပြီးသားဖြစ်နေတဲ့ ကျောင်းသူ/သားတွေ အတွက် အတန်းကျော်ပြီးတက်လို့ရတဲ့ စနစ်လည်းရှိတယ်လို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလို ရှင်းပြပါတယ်။

" အတန်းကျော်တဲ့စနစ်ကတော့ ကျနော်တို့က လက်ရှိမှာ ၃ တန်းတက်ပြီး ၂ နှစ်လောက် နားသွားတာ ဖြစ်တဲ့အတွက် တကယ်လို့ Grade 5 ကိုကျော်ချင်တယ်ဆိုရင် ကျနော်တို့က ၄ တန်းစာသင်ပေးမယ် Pre – Accessment စစ်မယ်ပေါ့နော် ။ သူတို့ဝင်ခွင့်စာမေးပွဲဖြေလို့ ဝင်ခွင့်အောင်ရင်တော့ ကျွန်တော်တို့ အတန်းကျော်တဲ့ စနစ်ရှိမယ် ။ တကယ်လို့ ဝင်ခွင့်မအောင်ဘူး ဆိုရင်တော့ ပုံမှန်အတန်းမှာပဲ တက်ရမှာပေါ့ ။ "  လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

KG အတန်းနဲ့ အလယ်တန်းကိုတော့ ဒီကနေ့ကနေ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး ကျန်တဲ့အထက်တန်းတွေကိုတော့ ဇွန်လ  ဒုတိယအပတ်မှာ ဖွင့်ဖို့ လျာထားကြောင်း သိရပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...