လိုင်ဇာကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှား ဖြန့်

လိုင်ဇာကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှား ဖြန့်

လိုင်ဇာမြို့ကို စစ်ကောင်စီတပ်မှ ထိန်းချုပ်လိုက်နိုင်ပြီဆိုတဲ့ သတင်းပို့စ်တစ်ခုကို သူရ သီဟ မိုးကြိုး ဆိုသူ Facebook အကောင့်ပိုင်ရှင်က မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၈ မိနစ်မှာ ရေးတင်ထားတာကို တွေ့ရပါ တယ်။

လိုင်ဇာမြို့ဧရိယာကို အပေါ်စီးကနေ မြင်ရတဲ့ Google Map မြေပုံကို အသုံးပြုပြီး သူရ သီဟ မိုးကြိုး ဆိုသူက ရေးတင်ထားတာပါ။

သူရ သီဟ မိုးကြိုး ဆိုသူက “၂၆ . ၅ . ၂၀၂၂ ယနေ့နံနက် ၀၈း၂၅ KIO / KIA ဌာနချုပ် လိုင်ဇာမြို့အား မြန်မာ့ တပ်မတော်မှ ထိန်းချုပ် လိုက်နိုင်ပါပြီ ဆို့တဲ့ သတင်း -ယနေ့ နံနက် လိုင်ဇာမြို့အာ အပေါ်စီးမှ စိုးမိုးထားနိုင်တဲ့ ကျောက်တောင်ကုန်း အား သိမ်းစည်းလိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း တင်ပြအပ် -ဒါကြောင့် လိုင်ဇာမြို့ကို ၂၄ နာရီ အတွင်း စစ်တလင်း ဖြစ်သွားအောင် မြန်မာ့တပ်မတော်မှ စိုးမိုးနိုင်သွားပြီ ဆိုတာ တင်ပြရင်း - KIA တို့ သွေး ပျက်မပျက် နီးစပ်တဲ့ သူတွေကို မေးကြည့်နိုင်ပါပြီ -NM. မနောမြေ” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေး တင်ထားတာကို တွေ့ရပါတယ်။

လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်နိုင်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ စစ်ကောင်စီတပ်က ကချင်ပြည်နယ်ထဲက ဒေသအချို့မှာ တပ်အင်အား တိုးချဲ့နေ တယ်ဆိုတဲ့ သတင်းတွေရှိနေပြီး ထိတွေ့တိုက်ပွဲတွေ အနည်းငယ်ဖြစ်ပွားနေပေမယ့် စခန်းကုန်းတွေ သိမ်းယူနိုင် တဲ့ အဆင့်အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိလို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် လိုင်ဇာ အနီးဝန်ကျင်းမှာရှိတဲ့ စခန်းကုန်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ မရှိသလို စစ်ကောင်စီ တပ် က စခန်းကုန်းသိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း မကြားရဘူးလို့ လိုင်ဇာဒေသခံတွေက ပြောကြပါ တယ်။

အကယ်၍ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ လိုင်ဇာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စခန်းကုန်းတွေကို စစ်ကောင်စီ တပ်က သိမ်းနိုင်တယ်ဆိုရင် ကချင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေနဲ့ တခြား သတင်းဌာနတွေက သတင်း ရေးသားကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက သတင်း ထုတ်လွှင့်ရေးသားတာ မရှိသလို ကချင်လွတ် လပ် ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သတင်းဌာနကိုမှ ပြောဆို ထုတ်ပြန်ထားတာ မရှိဘူးဆိုတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ် အခြေစိုက် ကချင်သတင်းဌာနတွေဖြစ်တဲ့ KNG https://bit.ly/3t0sUEE ၊ မြစ်ကြီးနားသတင်း ဂျာနယ် https://bit.ly/3wT66rt ၊ The 74 Media https://bit.ly/3wQkH8m ၊Kachinwave https://bit.ly/3lS2jp6 စတဲ့ သတင်းဌာနတွေရဲ့ သတင်းရေးသား ထုတ်လွှင့်မှုတွေကို ဒီလင့်ကနေတစ်ဆင့် ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို ခြုံကြည့်လိုက်မယ်ဆိုရင် သူရ သီဟ မိုးကြိုး ဆိုသူက မြေပြင်မှာ တကယ် ဖြစ်ပွားခဲ့တာ မရှိတဲ့ အကြောင်းအရာတစ်ခုကို ဖန်တီးပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှားတစ်ခုဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ အခုအချိန်မှာဆိုရင် အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက် ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင် စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာ ကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...