ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် မေလ ၂၈ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

မေလ ၂၈ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့ထဲတွင် သေနတ်ပစ်ခတ်သံများတရစပ်ထွက်ပေါ်ကာ စစ်ကောင်စီတပ် ဖက်က လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ်နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

တာဟန်းဒေသခံကတစ်ဦးက “အဲဒီညက မီးကလည်းပြတ်တော့ အိမ်ဝရံတာလေးမှာ သူတို့ထွက်ထိုင်ကြတာ၊ အဲဒီချိန်မှာ လက်နက်ကြီးက အိမ်ရှေ့ကျလာပြီး ဗုံးအစတွေထိမှန်ပြီး သေဆုံးသွားတာ၊ နှစ်ယောက်က ပွဲချင်းသေတယ်၊ တစ်ယောက်ကတော့ မနက်ပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတာ" ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှင့် အသက် ၂၇ နှစ်အရွယ်ခန့်ရှိသော သားအမိဖြစ်ကြပြီး မင်းကင်းဘက်မှ တာဟန်းဘက်သို့ စစ်ဘေးတိမ်းရှောင်သူလာများဖြစ်ကြကာ ကျန်တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ်ခန့်ရှိပြီး ခင်ပွန်းနှင့် ၇ လသားအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

အလားတူ တာဟန်းရပ်ကွက်တစ်နေရာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။

တာဟန်းရပ်ကွက်တွင် မေလအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ရှိသွားပြီဖြစ်ကာ မေလ ၁၀ ရက်နှင့် ၂၅ ရက်နေ့ကလည်း လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြပြီးဖြစ်သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...