ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် မေလ ၂၈ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

မေလ ၂၈ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့ထဲတွင် သေနတ်ပစ်ခတ်သံများတရစပ်ထွက်ပေါ်ကာ စစ်ကောင်စီတပ် ဖက်က လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ်နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

တာဟန်းဒေသခံကတစ်ဦးက “အဲဒီညက မီးကလည်းပြတ်တော့ အိမ်ဝရံတာလေးမှာ သူတို့ထွက်ထိုင်ကြတာ၊ အဲဒီချိန်မှာ လက်နက်ကြီးက အိမ်ရှေ့ကျလာပြီး ဗုံးအစတွေထိမှန်ပြီး သေဆုံးသွားတာ၊ နှစ်ယောက်က ပွဲချင်းသေတယ်၊ တစ်ယောက်ကတော့ မနက်ပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတာ" ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှင့် အသက် ၂၇ နှစ်အရွယ်ခန့်ရှိသော သားအမိဖြစ်ကြပြီး မင်းကင်းဘက်မှ တာဟန်းဘက်သို့ စစ်ဘေးတိမ်းရှောင်သူလာများဖြစ်ကြကာ ကျန်တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ်ခန့်ရှိပြီး ခင်ပွန်းနှင့် ၇ လသားအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

အလားတူ တာဟန်းရပ်ကွက်တစ်နေရာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။

တာဟန်းရပ်ကွက်တွင် မေလအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ရှိသွားပြီဖြစ်ကာ မေလ ၁၀ ရက်နှင့် ၂၅ ရက်နေ့ကလည်း လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြပြီးဖြစ်သည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...