မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ထောင်ဒဏ်(၁) နှစ်ချမှတ်ခံရ

မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ထောင်ဒဏ်(၁) နှစ်ချမှတ်ခံရ

NLDပါတီ မိုးညှင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို ယနေ့ (မေလ ၂၆)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက် ကြောင်း ၎င်းနှင့်နီးစပ်သူများထံကသိရသည်။

ဒေါ်သက်ထားနှောင်းကို အများပြည်သူ၏အကျိုးကို ပျက်စီးစေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ-၅၀၅(ခ) ဖြင့် မိုးညှင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ဒေါ်သက်ထားနှောင်းမှ အသိအမှတ်ပြု ပါဝင်ရန်အတွက် ဖြည့်သွင်းလက်မှတ်ရေးထိုးခဲ့သဖြင့် အများပြည်သူ၏ အကျိုးကို ပျက်စီးစေမှုဖြင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(ခ) အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦီးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်းအား မိုးညှင်းမြို့နယ်တရားရုံးတွင် အမှုစဖွင့်ပြီး ရုံးပြောင်းလျှောက်ထားချက်အရ မြစ်ကြီးနားမြို့နယ်တရားရုံးက အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့တွင် အမိန်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်သက်ထားနှောင်းအား ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ကချင်ပြည်နယ်၊ နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရှိ‌နေစဉ် ရဲနှင့် စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...