စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

ချင်းပြည်နယ် မင်းတပ်မြို့နယ် မဒပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မေ ၂၃ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က မင်းတပ်မြို့အခြေစိုက် ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးမှာ ကျည်ထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားပြီး တဖက်ပေါင်အရိုးလည်းထိမှန်ခဲ့သည်ဟု မဒပ်ကျေးရွာသား တစ်ဦးထံမှသိရသည်။

“လက်နက်ကြီးကျလာပြီးမှ အိမ်ဘေးနားက သရက်ပြင်ကိုထိပြီး ကလေးကအိမ်ရှေ့ကိုထွက်တဲ့အချိန်မှာ ဗုံးနဲ့သွားတိုးကော ညာဘက်ခြေထောက်က ဒိုးအောက်ကနေပြတ်ထွက်သွားတယ်၊ ဘယ်ဘက်ကျတော့ ပေါင်အရိုးထိသွားတယ် သူ့အမေကျတော့ နည်းနည်းထိရုံပဲ" ဟု မဒပ်ကျေးရွာသားကပြောသည်။

လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ်ကို မင်းတပ်မြို့သို့ပို့ဆောင်ကာ ထိုမှတဆင့် မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိကာ မေ ၂၂ ရက်နေ့ ညကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat က သွားရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်ထားသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...