စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

ချင်းပြည်နယ် မင်းတပ်မြို့နယ် မဒပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မေ ၂၃ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က မင်းတပ်မြို့အခြေစိုက် ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးမှာ ကျည်ထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားပြီး တဖက်ပေါင်အရိုးလည်းထိမှန်ခဲ့သည်ဟု မဒပ်ကျေးရွာသား တစ်ဦးထံမှသိရသည်။

“လက်နက်ကြီးကျလာပြီးမှ အိမ်ဘေးနားက သရက်ပြင်ကိုထိပြီး ကလေးကအိမ်ရှေ့ကိုထွက်တဲ့အချိန်မှာ ဗုံးနဲ့သွားတိုးကော ညာဘက်ခြေထောက်က ဒိုးအောက်ကနေပြတ်ထွက်သွားတယ်၊ ဘယ်ဘက်ကျတော့ ပေါင်အရိုးထိသွားတယ် သူ့အမေကျတော့ နည်းနည်းထိရုံပဲ" ဟု မဒပ်ကျေးရွာသားကပြောသည်။

လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ်ကို မင်းတပ်မြို့သို့ပို့ဆောင်ကာ ထိုမှတဆင့် မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိကာ မေ ၂၂ ရက်နေ့ ညကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat က သွားရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်ထားသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...