ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီ တပ်သားများ ပူတာအိုဘက်သို့ ခြေလျင်ဖြင့် ဆက်လက်ထွက်ခွာ

ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီ တပ်သားများ ပူတာအိုဘက်သို့ ခြေလျင်ဖြင့် ဆက်လက်ထွက်ခွာ

ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ ပူတာအိုဘက်သို့ ခြေလျင်ဖြင့် စစ်ကြောင်းချီတက်သွားပြီဖြစ် ကြောင်း သိရသည်။

စစ်ကား(၈၀)စီးနှင့် လူအင်အား(၃၀၀)ဝန်းကျင်က ယမန်နေ့ မနက် (၈)နာရီလောက်တွင် ဆွမ်ပီယန် ကျေးရွာ အနီးဝန်းကျင်က ဖြတ်သန်းသွားကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

စစ်ကားပေါ် ရိက္ခာများ တင်ဆောင်ထားပြီး လူစုခွဲကာ အင်အား(၂၀၀)ဝန်းကျင်ခန့်က ခြေလျင်ဖြင့် လုံခြုံရေးပုံစံ ယူကာ သွားလမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ပြီး ပူတာအိုဘက်သို့ တက်သွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အင်အား(၃၀၀)လောက် ရှိမယ်။ ကားက(၈၀)လောက်မယ်။ ပူတာအိုဘက် တက်သွားပြီ။ ရိက္ခာတွေလည်း တင်ပြီး သေနတ်တွေ ဖောက်ပြီး ထွက်သွားကြတာ။ ခုက ဆွမ်ပီယန်နဲ့ လုံရှာယန်ကြားပဲမှာ နေနေကြတယ်။ တချို့က ကားနဲ့၊ တချို့က ရှေ့တန်း ခြေလျင်နဲ့ သွားကြတာ။ ပူတာအိုမြို့ဘက် တက်သွားကြတာ”ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိ ဆွမ်ပီယန်နှင့် လုံရှာယန်ကြားတွင် ရောက်ရှိနေနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်သားအင်အားအလုံးအရင်းက မေလ(၁၈)ရက်နေ့က ဝင်ရောက်လာရာမှ ပူတာအိုဘက်သို့ ပြန်လည် ချီတက်သွားခြင်း ဖြစ်သည်။

ပုံဟောင်းဖြစ်ပါသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...