ပခုက္ကူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ မြေပဲနှုတ်အငှားလိုက်၍ ကျည်ဖိုးရှာ

ပခုက္ကူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ မြေပဲနှုတ်အငှားလိုက်၍ ကျည်ဖိုးရှာ

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များသည် ၎င်းတို့ စိုးမိုးနယ်မြေရှိကျေးရွာများတွင် မြေပဲနှုတ်အငှားလိုက်၍ ကျည်ဖိုးရှာနေကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် နေ့စဉ်အသုံးစရိတ်၊ Mission ကုန်ကျစရိတ်၊ တိုက်ပွဲသုံးကျည်ဖိုး၊ မပြည့်စုံ သောလက်နက်များ ဖြည့်တင်းရမှု၊ ဝတ်စုံစရိတ်၊ နေ့စဉ်ဖုန်းဘေဖိုး၊ ဆေးဖိုး၊ ရိက္ခာဖိုး အစရှိသဖြင့် တော်လှန်ရေး အသုံးစရိတ်များ အမြဲမပြတ် လိုအပ်ချက် မြင့်မားလျှက် ရှိနေကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ လှူဒါန်းပေးကြရန်နှင့် ပြည်သူများအားကိုးနိုင်သည့် တပ်ဖွဲ့ ဖြစ်လိုပါသည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်တမာက ဆိုသည်။

“လှူကြပါ ကူကြပါ။ ငွေမရှိရင် တပ်ဖွဲ့ရပ်တည်မှု ခက်ခဲပါတယ်။ ကျနော်တို့ကငါးဆို ပြည်သူကရေပါ။ ပြည်သူကို အားကိုးချင်ပါတယ်။ ပြည်သူကအားကိုးနိုင်တဲ့ တပ်ဖွဲ့ဖြစ်ချင်ပါတယ်” ဟု ဗိုလ်တမာက ပြောသည်။

မေလ ၁၅ ရက်နေ့ကလည်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ပေါင်းစုသည် မြိုင်မြို့နယ် ကြည့်ကန်ကျေးရွာမြောက်ဘက် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်ကို လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ခုနစ်ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာများစွာရရှိ သွားကြောင်း သိရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...