ယိုးဒယားအသားချောင်းများ စားမိပြီး လူ ၅၀ ကျော် အစာအဆိပ်သင့်

ယိုးဒယားအသားချောင်းများ စားမိပြီး လူ ၅၀ ကျော် အစာအဆိပ်သင့်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရွာသာကြီးဘူတာအနီးနေထိုင်သူ ၅၀ ကျော်သည် ယိုးဒယားနိုင်ငံထုတ် အသားချောင်းနှင့် အသားလုံးများ စားပြီးနောက် အစာအဆိပ်သင့်ကာ မေ ၉ ရက် ညပိုင်းတွင် ဆေးရုံတင်ခဲ့ရကြောင်း နာရေးကူညီမှုအသင်းမှ သိရသည်။

အစာအဆိပ်သင့်သူများတွင် ကလေးများပါဝင်နေပြီး ကြက်တံဆိပ်ဖြင့် ယိုးဒယားအသားချောင်းများ စားမိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အစာအဆိပ်သင့်ခဲ့သူများကို ရန်ကင်းကလေးဆေးရုံနှင့် စံပြဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရမည့် အခြေအနေမရှိတော့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံ ကိုမင်းဒင် မွန်သတင်းအေဂျင်စီကို ပြောသည်။

"တံဆိပ်က ကြက်တံဆိပ်နဲ့ ထိုင်းလို ရေးတားတယ် စာတွေက။ ကျူးကျော်တဲကို လာရောင်းသွားတာကို စားကြရင်းဖြစ်ကြတာ။ ကလေးက အယောက် ၃၀ လောက်ပါတယ်။ ကလေးတွေကို ရန်ကင်းဆေးရုံပို့တယ်။ အခုအားလုံး သက်သာပါတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ ယိုးဒယားအသားချောင်း စားမိသူများသည် မူးဝေခြင်း၊ အော့အန်ခြင်းနှင့် အသားပြာခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ အိန္ဒုစံပြကျေးရွာမှာ မေလ ၉ ရက် နေ့လည်ပိုင်းက  လူဦးရေ ၃၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသလူမှုကူညီရေး တာဝန်ရှိသူများက ပြောသည်။

အိန္ဒုစံပြကျေးရွာအတွင်း  မင်္ဂဆောင်တစ်ခုမှာ မင်္ဂလာဆောင်လာသူများကို ကြက်သား၊ ဝက်သား၊ မျှစ်ချဉ်၊ ငါး၊  မျောက်ဥ၊ ငပိထောင်း၊ ကြာဇံသုတ်၊ မုန့်အပါအဝင် အစားအသောက်များနှင့်  ဧည့်ခံခဲ့ကြောင်း၊ ဧည့်ခံသည့် အစားအသောက်များမှာ က စားသောက်ပြီးနောက် လူဦးရေ ၃၀ ကျော်မှာ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ခေါင်းမူးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...