စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး ABSDF မတက်ဟု ထုတ်ပြန်ကြေညာ

စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး ABSDF မတက်ဟု ထုတ်ပြန်ကြေညာ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး/မကဒတ( ABSDF)သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်ဟု မေ ၈ ရက်နေ့ က ထုတ်ပြန်ကြေညာသည်။

ယခုကဲ့သို့ မတက်ရောက်ရခြင်းမှာ ယခု ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေး အဖြေရှာရန် ပြည့်စုံ လုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် မကဒတအနေဖြင့် တက်ရောက်နိုင်မည်မဟုတ်ဟု ပါရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KNU၊ KIO ၊ KNPP ၊ CNF ၊ ABSDF တို့က တက်ရောက်မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

၎င်းအပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ထုတ်ပြန် ချက်ထဲတွင်လည်း “ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုသည် တနိုင်ငံ လုံးလွှမ်းခြုံသည့် တွေ့ဆုံ ဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိဖြစ်နေသည့် နိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်း မဟုတ်ကြောင်း” ဖော်ပြထားသည်။

လက်ရှိ တက်ရောက်မည့် အဖွဲ့မှာ ၅ ဖွဲ့သာ ရှိနေပြီး ထိုအဖွဲ့များမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ် ပါတီ(NMSP)နှင့်  ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) တို့ဖြစ်ကြောင်း သိရသည်။ ( NN-15)

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...