မြစ်ကြီးနားမြို့ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်ဗုံးသီးဖြင့် ပစ်ခတ်ခံရသော်လည်း လူထိခိုက်သေဆုံးမှုမရှိဟုငြင်းဆို

မြစ်ကြီးနားမြို့ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်ဗုံးသီးဖြင့် ပစ်ခတ်ခံရသော်လည်း လူထိခိုက်သေဆုံးမှုမရှိဟုငြင်းဆို

အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သား ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ မြစ်ကြီးနားမြို့ရှိ နေအိမ်တစ်အိမ်ကို ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်ခံခဲ့ရသော်လည်း လူထိခိုက်သေဆုံးခြင်းမရှိဟု အမည်မဖော်လို သည့် ဦးဇခုန်တိန့်ယိန်း၏တပ်ဖွဲ့ဝင်များက ငြင်း ဆိုသည်။

မြစ်ကြီးနားမြို့၊ မြေမြင့် ရပ်ကွက်အတွင်းရှိ NDA-K ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်ကို မြစ်ကြီးနားမြို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က မေလ ၆ ရက်နေ့ ည ၁ဝ နာရီ ၃၀ မိနစ်ခန့်တွင် ၄ဝ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် လူသူနေထိုင်ခြင်းမရှိသည့် နေအိမ်ကိုသာ ပစ်ခတ်ခဲ့ခြင်းဖြစ်၍ လူထိခိုက်သေဆုံးခြင်းမရှိဟု ဦးဇခုန်တိန့်ယိန်း၏ တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

"အခုဗုံးပစ်ခံရတဲ့အိမ်က ကျွန်တော်တို့ဥက္ကဋ္ဌကြီး မြစ်ကြီးနားမြို့ကိုလာရင်တောင် တစ်ခါတစ်ရံမှနေတဲ့ အိမ်ဟုတ်တယ်။ အခုကအဲ့ဒီမှာဘယ်သူ့မှလည်းမနေဘူး။ နောက်ပြီး သတင်းတွေမှာ တက်နေသလိုလည်းမဟုတ်ဘူး။ ဆရာတို့သတင်းသမားတွေ ပိုသိမှာ ပေါ့။ ကျွန်တော်တို့ဥက္ကဋ္ဌ ကြီးကလည်း ဒီမှာမှမရှိတာ" ဟု အမည်မဖော်လိုသည့် ဦးဇခုန်တိန့်ယိန်း၏ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ ဦးဇခုန်တိန့်ယိန်း ပိုင်ဆိုင်သည့် မြို့သစ်ကြီးနှင့် မြေမြင့် ရပ်ကွက်ရှိ ကချင်အထူးဒေသဆက်ဆံရေးရုံးများကို နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ဒီမိုကရေစီပါတီသစ် (ကချင်ပြည်နယ်)၏ ရုံးခွဲအနေဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဒီမိုကရေစီပါတီသစ် (ကချင်ပြည်နယ်)၏ ပါတီဥက္ကဋ္ဌ ဦးဇခုန်တိန်ဆောင်သည် လက်ရှိတွင် ကချင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ပြည်နယ် သယံဇာတ ဝန်ကြီးအဖြစ် တာဝန်ယူနေပြီး ဝန်ကြီးများအိမ်ရာတွင် နေထိုင်နေလျက်ရှိသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က NDA-K ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအား ဝဏ္ဏကျော်ထင်ဘွဲ့ကို ပေးအပ် ချီးမြှင့်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...