ဟုမ္မလင်းမြို့နယ်နောင်ပတ်ရွှေမှော်က “ခေတ်သစ်ဇီဝကဆေးခန်း” ကို ရဲနှင့်စစ်တပ်တွေဖမ်းဆီး

ဟုမ္မလင်းမြို့နယ်နောင်ပတ်ရွှေမှော်က “ခေတ်သစ်ဇီဝကဆေးခန်း” ကို ရဲနှင့်စစ်တပ်တွေဖမ်းဆီး

ဟုမ္မလင်းမြို့နယ် နောင်ပတ်ကျေးရွာ ရွှေမှော်မှာ ဖွင့်လှစ်ထားတဲ့ “ ခေတ်သစ်ဇီဝကဆေးခန်း” ကို မေလ ၅ ရက်နေ့မှာ ရဲ နဲ့ စစ်သားတွေ ဖမ်းဆီးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ သူတို့ ဒီမှော်ထဲရောက်တာ နှစ်လဝန်းကျင်လောက်ပဲ ရှိအုံးမယ်ထင်တယ်။ ရက်တော့အတိအကျမမှတ်မိဘူး။ သူတို့ကုတာကတော့အထွေထွေပဲ ၊အစုံပဲ ၊ ဘာကြောင့်ဆိုတာကိုတော့ တိတိကျကျမသိဘူး။ ဆေးကုတာကျတော့ တော်တော်လေးကုကြတယ်ထင်တယ်။ တော်တော်များများ ဒီအုပ်စု ဒီရွှေမှော်ထဲက လူတွေကော ကုသကြတယ်” လို့ နောင်ပတ်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။  

ဖမ်းဆီးသွားမှုကို ဒေသတွင်းမှာ ပြောဆိုနေမှုအရ ဒီဆေးခန်းဦးဆောင်ဖွင့်လှစ်နေတဲ့ ဆရာဝန်က ဆရာဝန်အစစ်မဟုတ်ပဲ လိမ်လည်နေပြီးဖွင့်နေတာဖြစ်တယ်လို့လည်းဆိုကြပါတယ်။

မနေ့က ရဲနဲ့ စစ်သားတွေဖမ်းဆီးတဲ့အခါမှာ ဦးဆောင်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရဲသွေးဦးက လွတ်မြောက်သွားပြီးတော့ သူ့အမျိုးသမီး သားဖွားဆရာမ ဒေါ်ဇာဖြူဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။

သားဖွားဆရာမ ဒေါ်ဇာဖြူဝင်းကလည်း အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ဆေးရုံကနေ CDM ပြုလုပ်ထားတဲ့ သူဖြစ်တယ်လို့လည်းပြောဆိုနေကြပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေ  CDM ပြုလုပ်တာကြောင့် ဖမ်းဆီးခံရမှုတွေလည်းရှိခဲ့ပါတယ်

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...