ဟုမ္မလင်းမြို့နယ်နောင်ပတ်ရွှေမှော်က “ခေတ်သစ်ဇီဝကဆေးခန်း” ကို ရဲနှင့်စစ်တပ်တွေဖမ်းဆီး

ဟုမ္မလင်းမြို့နယ်နောင်ပတ်ရွှေမှော်က “ခေတ်သစ်ဇီဝကဆေးခန်း” ကို ရဲနှင့်စစ်တပ်တွေဖမ်းဆီး

ဟုမ္မလင်းမြို့နယ် နောင်ပတ်ကျေးရွာ ရွှေမှော်မှာ ဖွင့်လှစ်ထားတဲ့ “ ခေတ်သစ်ဇီဝကဆေးခန်း” ကို မေလ ၅ ရက်နေ့မှာ ရဲ နဲ့ စစ်သားတွေ ဖမ်းဆီးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ သူတို့ ဒီမှော်ထဲရောက်တာ နှစ်လဝန်းကျင်လောက်ပဲ ရှိအုံးမယ်ထင်တယ်။ ရက်တော့အတိအကျမမှတ်မိဘူး။ သူတို့ကုတာကတော့အထွေထွေပဲ ၊အစုံပဲ ၊ ဘာကြောင့်ဆိုတာကိုတော့ တိတိကျကျမသိဘူး။ ဆေးကုတာကျတော့ တော်တော်လေးကုကြတယ်ထင်တယ်။ တော်တော်များများ ဒီအုပ်စု ဒီရွှေမှော်ထဲက လူတွေကော ကုသကြတယ်” လို့ နောင်ပတ်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။  

ဖမ်းဆီးသွားမှုကို ဒေသတွင်းမှာ ပြောဆိုနေမှုအရ ဒီဆေးခန်းဦးဆောင်ဖွင့်လှစ်နေတဲ့ ဆရာဝန်က ဆရာဝန်အစစ်မဟုတ်ပဲ လိမ်လည်နေပြီးဖွင့်နေတာဖြစ်တယ်လို့လည်းဆိုကြပါတယ်။

မနေ့က ရဲနဲ့ စစ်သားတွေဖမ်းဆီးတဲ့အခါမှာ ဦးဆောင်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရဲသွေးဦးက လွတ်မြောက်သွားပြီးတော့ သူ့အမျိုးသမီး သားဖွားဆရာမ ဒေါ်ဇာဖြူဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။

သားဖွားဆရာမ ဒေါ်ဇာဖြူဝင်းကလည်း အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ဆေးရုံကနေ CDM ပြုလုပ်ထားတဲ့ သူဖြစ်တယ်လို့လည်းပြောဆိုနေကြပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေ  CDM ပြုလုပ်တာကြောင့် ဖမ်းဆီးခံရမှုတွေလည်းရှိခဲ့ပါတယ်

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...