ဒေသခံ ကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် မော်လူးမြို့မှာ စစ်ဘေးရှောင်တစ်ထောင်ကျော် ခိုလှုံနေရ

ဒေသခံ ကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် မော်လူးမြို့မှာ စစ်ဘေးရှောင်တစ်ထောင်ကျော် ခိုလှုံနေရ

အင်းတော်မြို့နယ် မင်းကုန်း ၊ မံထုံတောင်ကြီး ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တစ်ထောင်နီးပါးက မော်လူးမြို့မှာ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“ တစ်ထောင်ကျော်လောက်တော့ရှိတယ်။ မော်လူးမှာကျောင်းလေးကျောင်းငါးကျောင်းဆိုတော့ ခန့်မှန်းမိတာပေါ့၊ ဘယ်ကနေပြေးကုန်သလဲဆိုရင် မံထုံတောင်ကြီး ၊ မင်းကုန်း ၊ နမီးလေးတံချောင်းရိုးမှာရှိတဲ့ရွာတွေပေါ့” လို့ဒေသခံတစ်ဦးကပြောပါတယ်။

မော်လူးမြို့ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားနပ်ရိက္ခာတွေကို လက်ရှိမှာတာဝန်ယူပေးနေတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲကြောင့် မော်လူးမြို့က ဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ မင်းသိရိရပ်ကွက်မှာ နှစ်ကျောင်း ၊ မင်းရာဇာမှာက တစ်ကျောင်း၊ အရှေ့ကျောင်းတစ်ကျောင်း နဲ့ တောင်ကျောင်းမှာ ခိုလှုံနေရသလို အင်းတော်မြို့နယ်က ရပ်ဆွေရပ်မျိုးတွေ ရဲ့နေအိမ်တွေမှာလည်း တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲကြောင့်ပဲ ဒေသခံစုစုပေါင်း နှစ်ထောင်ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကနဦးစာရင်းတွေအရသိရပေမယ့် စစ်ဘေးရှောင်တွေက ပျံ့နှံ့ထွက်ပြေးမှုကြောင့် စရင်းကောက်ယူမှုအခက်အခဲတွေရှိနေတာလည်းဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ရသူတွေက သူတို့တွေရဲ့ စိုက်ပျိုးထားတဲ့မြေပဲအပါအဝင်ပဲအမျိုးမျိုး ၊ ဆန်စပါး နဲ့ ကျွဲနွားတွေကို ပစ်ထားခဲ့ရတာကြောင့် ဒုက္ခရောက်နေကြတယ်လို့လည်းဆိုပါတယ်။ အဲ့ဒီဒေသမှာ တိုက်ပွဲက တည်ငြိမ်မှုတွေရှိသွားပေမယ့် ဒေသခံတွေက နေရပ်မပြန်ရဲသေးပဲ ဆက်လက်ခိုလှုံနေရတယ်လို့လည်းသိရပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...