ရခိုင်တွင် ၁၈ နှစ်အထက် လူဦးရေ၏ ၉ဝ ဒသမ ၈ ရာနှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဟုဆို

ရခိုင်တွင် ၁၈ နှစ်အထက် လူဦးရေ၏ ၉ဝ ဒသမ ၈ ရာနှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဟုဆို

ရခိုင်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၉ဝ ဒသမ ၈ ရာနှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို ပြောသည်။

"ဒါ ၃ ရက်နေ့အထိ ထိုးထားတာပါ။ ကျန်ရှိနေသေးတဲ့ သူတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် စုရပ်ဖွဲ့ပြီးထိုးပေးနေပါတယ်"ဟု ပြောသည်။

လက်ရှိတွင် အသက် ၁၅ နှစ်နှင့်အထက်ရှိသူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပေးလျက်ရှိပြီး အသက် ၄၀ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးနောက် ၆ လအထက်ရှိသူများကိုလည်း ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဆေးထိုးရန်အကျုံးဝင်သည့် လူဦးရေ သိန်း ၂ဝ ကျော်ရှိသည်ဟုလည်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနစာရင်းများအရ သိရသည်။

ရခိုင်တွင် ဇန်နဝါရီလ ၂၈ ရက်မှ ဧပြီလ ၁၆ ရက်အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ ၈ဝဝ ကျော်ရှိခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီက ဧပြီ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီ ၃ဝ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၉၁ ဒသမ ၉ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးပြီဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ မေလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မေလ ၄ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ လူဦးရေ ၆ သိန်း ၁ သောင်းကျော်ရှိပြီး သေဆုံးသူ ၁ သောင်း ၉ ထောင်ကျော်ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...