ရခိုင်တွင် ၁၈ နှစ်အထက် လူဦးရေ၏ ၉ဝ ဒသမ ၈ ရာနှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဟုဆို

ရခိုင်တွင် ၁၈ နှစ်အထက် လူဦးရေ၏ ၉ဝ ဒသမ ၈ ရာနှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဟုဆို

ရခိုင်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၉ဝ ဒသမ ၈ ရာနှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို ပြောသည်။

"ဒါ ၃ ရက်နေ့အထိ ထိုးထားတာပါ။ ကျန်ရှိနေသေးတဲ့ သူတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် စုရပ်ဖွဲ့ပြီးထိုးပေးနေပါတယ်"ဟု ပြောသည်။

လက်ရှိတွင် အသက် ၁၅ နှစ်နှင့်အထက်ရှိသူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပေးလျက်ရှိပြီး အသက် ၄၀ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးနောက် ၆ လအထက်ရှိသူများကိုလည်း ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဆေးထိုးရန်အကျုံးဝင်သည့် လူဦးရေ သိန်း ၂ဝ ကျော်ရှိသည်ဟုလည်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနစာရင်းများအရ သိရသည်။

ရခိုင်တွင် ဇန်နဝါရီလ ၂၈ ရက်မှ ဧပြီလ ၁၆ ရက်အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ ၈ဝဝ ကျော်ရှိခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီက ဧပြီ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီ ၃ဝ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၉၁ ဒသမ ၉ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးပြီဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ မေလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မေလ ၄ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ လူဦးရေ ၆ သိန်း ၁ သောင်းကျော်ရှိပြီး သေဆုံးသူ ၁ သောင်း ၉ ထောင်ကျော်ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...