ချိပ်ပိတ်ခံထားရသည့် ၈၈ နိုင်ကျဉ်းဟောင်းနေအိမ်မှပစ္စည်များကို စစ်ကောင်စီအုပ်စုက ခိုးယူခဲ့ပြီး နေအိမ်ကိုရောင်းချရန် ပြင်ဆင်နေ

ချိပ်ပိတ်ခံထားရသည့် ၈၈ နိုင်ကျဉ်းဟောင်းနေအိမ်မှပစ္စည်များကို စစ်ကောင်စီအုပ်စုက ခိုးယူခဲ့ပြီး နေအိမ်ကိုရောင်းချရန် ပြင်ဆင်နေ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ချိပ်ပိတ်ခံထားရသည့် ၈၈ နိုင်ကျဉ်းဟောင်းနေအိမ်မှ ပစ္စည်းများကို မေလ ၄ ရက်နေ့က စစ်ကောင်စီအုပ်စုများမှ ခိုးယူခဲ့ကြောင်းသိရသည်။

ခိုးယူခံရသည့်နေအိမ်ပိုင်ရှင်သည် ၈၈ နိုင်ကျဉ်းဟောင်း ဦးအောင်ကျော်မိုးဆိုသူ၏ နေအိမ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီမှ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။ ဦးအောင်ကျော်မိုးမှာ စစ်ကောင်စီ မှဖမ်းဝရမ်းထုတ်ခံရခြင်းကြောင့် မိသားစုများပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်အုပ်စုအပေါင်းအပါတွေက အိမ်ကိုလာပြီး သော့ကိုရိုက်ဖျက်တယ်။ အိမ်ထဲက သူတို့လိုချင်တဲ့ပစ္စည်း တွေကို သယ်ထုတ်တယ်။ ပြီးတဲ့အခါမှာ အိမ်ရဲ့ အကျယ်အဝန်းပတ်ကို ပေကြိုးနဲ့တိုင်းတယ်။ ဒါ အိမ်ကို ရောင်းမယ့်ပုံစံပေါ့။ နောက်ပြီး ကျနော်က CSO ဆိုတော့ အိမ်မှာ ပရိုဂျက်တာတွေစက်တွေ၊ တီဗီတွေ အများကြီးရှိတယ်။ ကာလတန်ဖိုးဆိုရင် သိန်း ၅၀၀ လောက်ရှိတယ်ဗျ”ဟု နေအိမ်ချိပ်ပိတ်ခံ ထားရသည့် ဦးအောင်ကျော်မိုးက ပြောသည်။

ပြည်သူများ၏ နေအိမ်ကိုမတရားသိမ်းဆည်ခြင်း ချိပ်ပိတ်ခြင်း၊ မီးရှို့ခြင်းများအတွက် စစ်ကောင်စီမှ ပြန် လည်တာဝန်ယူရမည်ဖြစ်ပြီး အရပ်သားအစိုးရအာဏာပြန်ရသည့်အချိန်တွင် စစ်အုပ်စု၏ မတရားသိမ်းယူ ထားသည့်အရာများကို ပြန်လည်သိမ်းယူပြီး တိုင်းပြည်ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုရန် လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ နေအိမ်နှင့်အဆောက်အဦး ၅၀၀ ကျော်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူမှ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...