ဟိုတယ်နှင့် တည်းခိုခန်းများတွင် မှတ်ပုံတင်မူရင်း မပါဘဲ တည်းခိုခွင့်မပြုရန် သတိပေးစာကပ်

ဟိုတယ်နှင့် တည်းခိုခန်းများတွင် မှတ်ပုံတင်မူရင်း မပါဘဲ တည်းခိုခွင့်မပြုရန် သတိပေးစာကပ်

မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင် မှတ်ပုံတင်မူရင်း မပါဘဲ တည်းခိုခွင့်မပြုရန် ညွှန်ကြားထားသော်လည်း သတိပေးစာများ လာရောက်ကပ်သွားကြောင်း ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခင်က ဝန်ထမ်းကဒ်၊ ယာဉ်မောင်းလိုင်စဉ်ကဲ့သို့ သက်သေခံအထောက်အထားပါပါက တည်းခိုခွင့် ပေးခဲ့ကြောင်း၊ လက်ရှိတွင် မှတ်ပုံတင် မူရင်းအစစ်ပါမှ တည်းခွင့်ပြုရန် သတိပေးစာ လာကပ်သွားကြောင်း ၎င်းက ပြောသည်။

“အရင်ကဆိုရင်တော့ ဝန်ထမ်းကဒ်၊ ယာဉ်မောင်းလိုင်စင်၊ အဲလိုမျိုးရှိရင်လည်း ရတယ် လက်ခံတယ်ပေါ့။ အခုက မရတော့ဘူး။ မှတ်ပုံတင် မူရင်းအစစ်မှ ရမယ်ဆိုပြီး ညွှန်ကြားထားတယ်။ ပြီးတော့ မှတ်ပုံတင်နဲ့ သေချာတိုက်စစ်ဖို့ရောပဲ။ အခုလည်း သတိပေးစာတွေ ကပ်ထားတယ်။ မှတ်ပုံတင်မူရင်းပြနိုင်မှ တည်းခွင့်ပေးဖို့ပေါ့”ဟု ‌၎င်းက ပြောသည်။

မှတ်ပုံတင်မူရင်း မပြနိုင်သည့် ဧည့်သည်များကို  လုံးဝတည်းခိုခွင့် မပေးရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

မှတ်ပုံတင်မူရင်း မပြနိုင်သည့် ဧည့်သည်များကို တည်းခိုခွင့်ပြုပါက အရေးယူမည်ဟု သတိပေးထားကြောင်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“လဝက ကလည်း မှတ်ပုံတင်ပါမှ ခရီးသွားခွင့်ကို လက်ခံမယ်လို့ ထုတ်ပြန်ထားတယ်။ ဟိုတယ် တည်းခိုခန်းတွေကလည်း မှတ်ပုံတင်မူရင်းပြနိုင်မှ တည်းခွင့်ပြုရမယ်ပေါ့။ ပထမက ညွှန်ကြားတယ်။ အခု သတိပေးစာတွေ လာကပ်တယ်။ မှတ်ပုံတင်မပါဘဲ လက်ခံတာတွေ့ရင်တော့ အရေးယူခံရမယ်ပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိ အခြေအနေတွင် မွန်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှုနှုန်းလည်း သိသိသာသာ လျော့ကျလာကြောင်း ၎င်းက ပြောသည်။

နစက ကောင်စီက ဧပြီလ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားခြင်း၊  အစစ်ဆေးခံခြင်းကို  ခွင့်ပြုမည် မဟုတ်ကြောင်း  ထုတ်ပြန်ထားပြီး ဟိုတယ် နှင့် တည်းခိုခန်းများတွင်လည်း မှတ်ပုံတင် မပါဘဲ တည်းခိုခွင့် မပြုရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...